Home
သတင်းဓာတ်ပုံ
၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အကြို သန့်ရှင်းရေးပြုလုပ် (ဓာတ်ပုံ)
Aung Ko Latt
·
September 14, 2017
အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် ၅၃ နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ မုံရွာမြို့က ဆေးရုံတွေမှာ ရဲတပ်ဖွဲ့ဝင်တွေ သန့်ရှင်းရေး ပြုလုပ်ခဲ့ကြပါတယ်။ စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်း ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော်က မုံရွာမြို့ရှိ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးနဲ့ ခုတင် ၂၀၀ ဆံ့ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး သားဖွားမီးယပ်နှင့် ကလေးဆေးရုံတို့မှာ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းက ဆေးရုံ အတွင်း အပြင် သန့်ရှင်းရေးတွေ လုပ်ဆောင်ခဲ့ကြတာပါ။ ရွာမြို့မရဲစခန်းမှူး ဒုရဲမှူး ကျင်စိန်က “ပြည်သူဗဟိုပြု ရဲလုပ်ငန်းတွေထဲက တခုအနေနဲ့ ဒါ ကုသိုလ်လည်းရ လုပ်ဆောင်တာပါ။ ဆေးရုံ သန့်ရှင်းရေးလုပ်တဲ့အတွက် ဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ လူနာတွေ၊ ဝန်ထမ်းတွေ အားလုံးအတွက် သန့်ရှင်းတဲ့လေ ရမယ်။ ခြင်ကိုက်တာ လျော့ပါးသွားမယ်ပေါ့လေ။ ဒီလို သန့်ရှင်းရေးလုပ်တာအပြင် စုပေါင်းသွေးလှူဖို့လည်း ရှိပါသေးတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဆေးရုံသန့်ရှင်းရေးမှာ တိုင်းအကူတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့၊ မီးရထားတပ်ဖွဲ့၊ လူကုန်တား၊ မှုခင်း၊ မူးယစ်၊ မြို့နယ်၊ ခရိုင်၊ နယ်မြေခံရဲတပ်ဖွဲ့တို့က အရာရှိ၊ တပ်သားစုစုပေါင်း ၂၉၀ ကျော်က ဆေးရုံတွင်း ချုံနွယ်ရှင်းတာ၊ ရေမြောင်းဖော်တာ စတာတွေကို ပြုလုပ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024