Home
မြန်မာသတင်း
ဖုယွင်းအထည်ချုပ်စက်ရုံ အလုပ်သမားများ သပိတ်စခန်း ပိတ်သိမ်း
အာကာ
·
September 13, 2017
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းစက်မှုဇုန် ဖုယွင်းအထည်ချုပ်စက်ရုံက အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုမှာ  ဆန္ဒပြအလုပ်သမားတွေ အဓိကတောင်းဆိုချက် ၂ ချက်ကို နှစ်ဖက် ညှိနှိုင်းမှု ပြေလည်သွားတာကြောင့် သပိတ်စခန်းကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၂ ရက် ညနေက နှစ်ဖက်ညှိနှိုင်းမှု အဆင်ပြေခဲ့ပြီးနေက်  ည ၁၁ နာရီက သပိတ်စခန်း ပိတ်သိမ်းလိုက်တာလို့ ဖုယွင်း အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂဥက္ကဋ္ဌ မသက်ထားဆွေက ပြောပါတယ်။ “ကျမတို့တောင်းဆိုတဲ့ အဓိကအချက် ၂ ချက်ဖြစ်တဲ့ ကျွမ်းကျင်ကြေးနဲ့ နှစ်ပြည့်ကြေးကို မနေ့ ညနေက ညှိလို့ အဆင်ပြေခဲ့ပါတယ်။ မူလတောင်းဆိုတဲ့ နှုန်းထားတော့ မဟုတ်ပေမယ့် နှစ်ဖက် လက်ခံနိုင်တဲ့ နှုန်းထားရပါတယ်။ အဲဒီ့အတွက် EC စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းခွင် ပြန်ဝင်ကြမှာပါ”လို့ ဒီဗွီဘီကို ပြောပါတယ်။ ဒီစက်ရုံက အလုပ်သမား ၃၅၀ လောက်ဟာ လုပ်ခလစာ တိုးမြှင့်ပေးဖို့ စက်တင်ဘာ ၆ ရက်နေ့က စပြီး စက်ရုံရှေ့မှာ သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြတာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024