Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ် သစ်တောကြိုးဝိုင်းများမှ နှစ် ၃၀ ငှားရမ်းပြီး စိုက်ပျိုးခြင်းမရှိသည့်မြေများ ပြန်သိမ်းမည်
DVB
·
September 12, 2017
တိုက်ကြီးမြို့နယ် သစ်တောကြိုးဝိုင်းတွေကနေ နှစ် ၃၀ ငှားရမ်းပြီး မစိုက်ပျိုးတဲ့မြေတွေကို ပြန်လည်သိမ်းဆည်းမယ်လို့ တိုက်ကြီးမြို့နယ်သစ်တော ဦးစီးဌာနက  သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနထဲက သစ်တောကြိုးဝိုင်းတွေမှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၇ ခုနှစ်ထိ ပုဂ္ဂလိက စိုက်ပျိုးလုပ်ကိုင်ဖို့ နှစ် ၃၀ မြေငှားရမ်းလုပ်ကိုင်နေသူတွေဟာ သတ်မှတ်ချိန် ကျောာ်လွန်ပြီး စိုက်ပျိုးခြင်းမရှိတဲ့၊ သစ်တောဦးစီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ မကိုက်ညီတဲ့သူတွေဆီက မြေတွေကို ပြန်လည်သိမ်းဆည်းလာခဲ့တာဟာ ကျွန်းစိုက်ခင်းဧက ၅၀၀၀ ကျော်မှ ဧက ၁၂၅၀ နဲ့ သစ်မာစိုက်ခင်း ဧက ၉၆၀၀ ကျော်မှာ ၃၄၀၀ ကျော်တို့ကို ပြန်လည်သိမ်းဆည်းထားတယ်လို့ တိုက်ကြီးမြို့နယ်သစ်တော ဦးစီးဌာနက  ဦးစီးအရာရှိ   ဦးစိုးမြင့်သူ  ဒီဗွီဘီကို ပြောပါတယ်။ “စပြီးစိုက်ပျိုးလုပ်ကိုင်ဖို့ မြေငှားရမ်းတဲ့အချိန်ကတည်းက ကျနော်တို့က စည်းကမ်းချက်တွေ ချထားပါတယ်။ ရေဝေရေလဲဧရိယာ၊ ကျောက်မျတ်ထုတ်လုပ်မူဧရိယာ၊ သစ်တောစိုက်ခင်း ဧရိယာနဲ့ လယ်ဇုန်ကင်းလွတ်ဧရိယာ သဘာဝထိန်းသိမ်းရေးနယ်မြေနဲ့ ဆင်ဘေးမဲ့တောတွေထဲ ကျရောက်တဲ့ ဧရိယာနဲ့ တောဆင်ရိုင်းတွေရဲ့ စားကျက်မြေထဲ ကျရောက်ရင် ပေးခွင့်မပြုဘဲ ပုဂ္ဂလိက စိုက်ခင်းဧရိယာထဲမှာသာ စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဒါ့အပြင် ၁ ဧကကို ကြိုတင်ငွေ ၅ သောင်းကျပ် ပေးဆောင်ရမှာဖြစ်ပြီး တနှစ်အတွင်းမှာ မိမိတို့ ငှားရမ်းထားတဲ့ မြေပေါ်မှာ စိုက်ပျိုးမှုကို သစ်တောဦးစီးဌာနက ကွင်းဆင်းစစ်ဆေးပြီး သေပင် ရှင်ပင်နဲ့ စိုက်ပျိုးပြီးစီးမှု ၇၀ ရာခိုင်နှုန်းအထက် အောင်မြင်မှ စာချုပ်ချုပ်ဆိုခွင့်ပြုပြီး မအောင်မြင်ရင် ကြိုတင်ပေးသွင်းထားတဲ့ ငွေကို နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းပြီး မြေကိုလည်း ပြန်လည်သိမ်းပါတယ်။” တိုက်ကြီးမြို့နယ်မှာ ပုဂ္ဂလိက မြေငှားရမ်း လုပ်ကိုင်မှုတွေ အများအပြားရှိနေပြီး မြေငှားရမ်း လုပ်ကိုင်သူများမှာ အကြောင်းအမျိုးမျိုးကြောင့် မစိုက်ပျိုးဘဲ ထားရှိတဲ့ မြေတွေကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြန်လည်သိမ်းဆည်းလာခဲ့ရာ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနထဲက သစ်တောကြိုးဝိုင်းမြေထဲမှာ ကျွန်းသစ် ငှားရမ်းစိုက်ပျိုးဧက ၅၀၀၀ ကျော်နဲ့ သစ်မာစိုက်ပျိုးဧက ၉၆၀၀ တို့မှာ ကျွန်းစိုက်ပျိုးဧက ၁၂၅၀ နဲ့ သစ်မာစိုက်ခပျိုးဧက ၃၄၀၀ ကျော်တို့ကို ပြန်လည်သိမ်းဆည်းထားပြီး စိုက်ပျိုးရန်ကျန်တဲ့ မြေဧကတွေကို ကွင်းဆင်းပြီး အမှန်တကယ် စိုက်ပျိုးမှုမရှိတဲ့ မြေတွေကို ပြန်လည်သိမ်းဆည်းဖို့ ဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲက လှည်းကူးမြို့နယ်နဲ့ တိုက်ကြီးမြို့နယ်တို့မှာ သစ်တောမြေငှားရမ်းထားတဲ့ ဧက ၂၄၄၀၀ ကျော်ရှိပြီး ခုချိန်မှာတော့ ၅၅၀၀ ကျော်ကို ပြန်လည်သိမ်းဆည်းထားခဲ့ပါတယ်။ ကျန်ဧက ၁၂၆၀၀ ကျော်ကို သစ်တောဦးစီးဌာနက ကွင်းဆင်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး အမှန်တကယ် စိုက်ပျိုးမူမရှိတဲ့ မြေတွေကို ထပ်မံသိမ်းဆည်းသွားမှာ ဖြစ်တယ်လို့ တိုက်ကြီးမြို့နယ် သစ်တောဦးစီးဌာနက သိရပါတယ်။ သတင်း -  မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024