Home
မြန်မာသတင်း
ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဗန်းမောက်မြို့နယ်တွင် ဖမ်းမိ
DVB
·
September 12, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်မှာ စက်တင်ဘာ ၁၁ ရက်ည ၉ နာရီအချိန်က ကျပ်သိန်း ၈၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗန်းမောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းကိုလွင်က ပြောပါတယ်။ မနေ့ည ၉ နာရီက ဗန်းမောက်မြို့မ ရဲစခန်းမှ တာဝန်ရှိသူတွေနဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းရေးအဖွဲ့ဝင်တွေဟာ အင်းတော်-ဗန်းမောက် ကားလမ်းအတိုင်း ဗန်းမောက် ဘက်ကို လူ ၃ ဦး၊ ဆိုင်ကယ် ၃ စီးနဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတဲ့ သတင်းအရ ဗန်းမောက်- အင်းတော် ကားလမ်း ခေါင်းကိုက်ကျေးရွာလမ်းခွဲမှာ စောင့်ဆိုင်းနေစဉ် အင်းတော်မြို့ဘက်မှ အင်းတော်-ဗန်းမောက် ကားလမ်းအတိုင်း လူ ၃ ဦး မောင်းနှင်လာတဲ့ ဆိုင်ကယ် ၃ စီးမှ ဇော်ဝင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ရပ်တန့်ခိုင်းချိန် နောက်က ကပ်လိုက်လာတဲ့ ဆိုင်ကယ် ၂ စီးမှာ နောက်ပြန်မောင်းနှင် ထွက်ပြေးသွားပါတယ်။ လိုက်လံဖမ်းဆီးခဲ့ရာ မောင်လှကို ဆိုင်ကယ်နဲ့အတူ ကျောက်ခွဲစက်ရှေ့မှာ ဖမ်းဆီးရမိခဲ့ပြီး လွယ်ထားတဲ့ INDIGO စာတန်းပါ ကျောပိုးအိတ်ထဲက ဘိန်းဖြူအလေးချိန် ၁၀ ဂရဂမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၃၁ ခွက်၊ ရွက်လှေတံဆိပ်နဲ့ ကမ္ဘာလုံးတံဆိပ်ပါ WY ပန်းရောင် စိတ်ကြွဆေးပြား ၁၉၅ ပြားစီပါ ၅ ထုပ်၊ ပင်နယ်ဆလင်ပုလင်းထဲက ဘိန်းဖြူ အလေးချိန် ၀ ဒသမ ၁ ဂရမ်ခန့်ပါ ပုလင်း ၁ လုံး တို့ကို တွေ့ရှိရပြီး ကျန်တစီးနောက်ကို လိုက်လံဖမ်းဆီးခဲ့ရာ ဘိုင်ဘင်ကွေ့လမ်းရဲ့ ယာဘက်မှာ ဆိုင်ကယ်စီးသူကို မတွေ့ရှိရတော့ပဲ မောင်းနှင်ထွက်ပြေး သွားပါတယ်။ တရုတ်နိုင်ငံလုပ် CANDA အမျိုးအစား ဆိုင်ကယ်မှာ တိမ်းမှောက်နေပြီး ဆိုင်ကယ်အနီးရှိ D2 ခဲရောင်ကျောပိုးအိတ်ထဲက ဘိန်းဖြူအလေးချိန် ၁၀ ဂရမ်ခန့်စီပါ ရောင်စုံဆပ်ပြာခွက် ၄၅ ခွက်၊ ရွက်လှေတံဆိပ်နဲ့ ကမ္ဘာလုံးတံဆိပ်ပါ WY ပန်းရောင် စိတ်ကြွဆေးပြား ၁၉၀ ပြားစီပါ ၂ ထုပ်၊ အဖြူရောင်ကော်ဘူးထဲက ဘိန်းဖြူ ၂ ဂရမ်ခန့်ပါ ၁ ဘူး၊ ပင်နယ်ဆလင် ပုလင်းထဲက ဘိန်းဖြူ ၀ ဒသမ ၁ ဂရမ်ခန့်ပါ ၁ ပုလင်းတို့ကို လည်း ဇော်ဝင်း ဝတ်ဆင်ထားတဲ့ ကာကီရောင် ဘောင်းဘီထဲက ဘိန်းဖြူအလေးချိန် ၁ ဂရမ်ခန့်ပါ အဖြူရောင် ကော်ဘူး ၁ ဘူး၊ ဘိန်းဖြူ ၀ ဒသမ ၂ ဂရမ်ခန့်ပါ ပင်နယ်ဆလင်ပုလင်း ၁ လုံး စုစုပေါင်းဘိန်းဖြူ အလေးချိန် ၇၆၃ ဒသမ ၃ ဂရမ် ကာလတန်ဖိုး ၇၆၃၃၀၀၀၀ ကျပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၃၅၅ ပြား ကာလတန်ဖိုး ၆၇၇၅၀၀၀ ကျပ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗန်းမောက်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မင်းကိုလွင်က ပြောပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ဇော်ဝင်းနဲ့ မောင်လှတို့ကို ဘိုင်ဘင်ကွေ့လမ်းရဲ့ ယာဘက်မှာ တိမ်းမှောက်နေတဲ့ ဆိုင်ကယ်စီးသူနဲ့ပတ်သက်ပြီး မေးမြန်းရာ ဆိုင်ကယ်စီးသူမှာ ဟုမ္မလင်းမြို့နယ် ဘိုကုန်းကျေးရွာအုပ်စု တုံလုံရွာနေ ရွှေဌေး ဖြစ်ကြောင်း မူးယစ်ဆေးဝါး ဘိန်းဖြူမှုန့်တွေရဲ့ ပိုင်ရှင်မှာ ဖိုးနီစေတီဆိပ်ကျေးရွာ ဟုမ္မလင်းမြို့နယ်နေသူ ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ကသာမြို့နယ်၊ လေဘိုကျေးရွာနေ ဇော်ဝင်း (၄၅-နှစ်)၊ ဟုမ္မလင်းမြို့နယ် တုံလုံရွာနေ မောင်လှ (၂၈-နှစ်)၊ ရွှေဌေးနဲ့ ထွက်ပြေး လွတ်မြောက် သွားသူ ၃ ဦးနဲ့ ဟုမ္မလင်းမြို့နယ်၊ စေတီဆိပ်ကျေးရွာနေ ပိုင်ရှင် ဖိုးနီတို့ကို ဗန်းမောက်မြို့နယ်၊ မံစီကြီးနယ်မြေရဲစခန်းမှ မယ(ပ)၅၃/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ သတင်း - ကိုကိုလင်း(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024