မန္တလေးတွင် ဓားကိုင် ရမ်းကားသူ ၁ ဦးကို ဖမ်းဆီးအရေးယူ
DVB
·
September 12, 2017
မန္တလေးမြို့ ၅၉ လမ်းနဲ့ မနော်ဟရီလမ်းလမ်းဆုံမှာ ဓားကိုင် ရမ်းကားခဲ့သူကို မနေ့ညက အောင်ပင်လယ်နယ်မြေရဲစခန်းက ဖမ်းဆီး အရေးယူလိုက်တယ်လို့ သိရပါတယ်။
ချမ်းအေးသာစံမြို့နယ် အကွက်အမှတ် (၅၄၉) ၃၅ လမ်း ၈၅ × ၈၆လမ်းကြားနေ ကျော်ကိုကို (၃၅-နှစ်)ဟာ မနေ့ည ၈ နာရီကျော်မှာ Vigo ကားနဲ့ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက် ၅၉ လမ်းနဲ့ မနော်ဟရီလမ်းလမ်းဆုံကို ရောက်လာပြီး အရိုးအသွား ၉ လက်မလောက်ရှိတဲ့ ဓားဦးချွန်ကိုကိုင်ပြီး လမ်းမပေါ်မှာ လူတွေကို လိုက်လံရမ်းကားနေတယ်လို့ အောင်ပင်လယ်နယ်မြေရဲစခန်းက လှည့်ကင်းတာဝန်ကျ တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တာပါ။
ဓားကိုင်ဆောင်ပြီးရမ်းကားခဲ့သူ ကျော်ကိုကို ကို အောင်ပင်လယ်ရဲစခန်းက (ပ)၃၃၅/၂၀၁၇ လက်နက်ဥပဒေပုဒ်မ ၁၉(င)နဲ့ အမှုဖွင့်အရေးယူထားပါတယ်။