ပီအက်စ်ဂျီသည် ဘာစီလိုနာထက် ချန်ပီယံလိဂ်ဖလားရရန် အခွင့်အရေးပိုရှိဟု နေမာ ပြော

ဓာတ်ပုံ - ရိုက်တာ
3.4K
ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာအသင်းထက် ချန်ပီယံလိဂ်ဖလားရဖို့ အခွင့်အရေး ပိုရှိတယ်လို့ ကစားသမားသစ် နေမာက ပြောကြားလိုက်ပါတယ်။
ချန်ပီယံလိဂ်ဖလားဟာ ဆုဖလားတလုံးထက် ပိုအရေးပါပြီး ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ခဲ့တာဟာလည်း အသင်းနဲ့အတူ သမိုင်းသစ် ရေးထိုးချင်တဲ့အတွက်ကြောင့်ဖြစ်တယ်လို့ နေမာက ဆိုပါတယ်။
ပီအက်စ်ဂျီအသင်းသားတွေဟာ ချန်ပီယံလိဂ်ဖလား ရဖို့အတွက် လုံလောက်တဲ့ ကစားသမားအင်အား ရှိသလို ဆုဖလားရနိုင်တဲ့ အတွေ့အကြုံနဲ့ ဘယ်လိုရအောင် စွမ်းဆောင်မလဲဆိုတာလည်း သိတယ်လို့ နေမာက ဆက်ပြောပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဒီကနေ့ညမှာ ဆဲလ်တစ်အသင်းနဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ် ကစားရမှာပါ။
ပီအက်စ်ဂျီအသင်းတိုက်စစ်မှာ နေမာနဲ့အတူ ကာဗာနီ၊ အမ်ဘာပေ၊ ဒရက်ဇ်လာနဲ့ ဒီမာရီယာတို့လို တိုက်စစ်ကစားသမားကောင်းတွေ ရှိနေတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုရဖို့ ပစ်မှတ်ထားနေပါတယ်။