Live
Home
မြန်မာသတင်း
ကျိုက်မရောတွင် သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းဆီးရမိ
DVB
·
September 12, 2017
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာမှာ စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီ ခွဲလောက်က သေနတ်နဲ့ ပတ်ခတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ဖမ်းဆီးရမိခဲ့တယ်လို့ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။ ဖြစ်စဉ်မှာ အဆိုပါ ညက ကျိုက်မရောမြို့နယ်၊ လက်ပံကျေးရွာနေ ဦးရွှေသိနဲ့ အိမ်နီးချင်း ဦးချမ်းသိန်းတို့ စကားပြောနေချိန် ဦးရွှေသိရဲ့ ဦးလေး တော်စပ်သူ တရွာတည်းသား ဦးအဒိန်း ရောက်ရှိလာပြီး အမွေကိစ္စ စကားများရာက ဦးအဒိန်းက ကျည် ၆ တောင့် ထည့်ထားတဲ့ ထိုင်းနိုင်ငံလုပ် အနက်ရောင် ၃၈ ဗို့ သေနတ်နဲ့ တစ်ချက်ပစ်ဖောက်ခဲ့ပြီး ဦးရွှေသိက ၀င်ရောက်လုံးထွေး ခုခံလို့ သေနတ်နဲ့အတူ အရိုးသွား ၁၀ လက်မခွဲခန့်ရှိ စကေဘာ ဓားမြောင်ဦးချွန်တချောင်းပါ လွင့်စဉ်သွားပြီး တရားခံမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာပါ။ အဲဒီနောက် တရနာ ကင်းစခန်းမှူး ဦးခင်မောင်ထွေးဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက မျက်မြင်သက်သေတွေနဲ့အတူ တရားခံကို လိုက်လံဖမ်းဆီးရာ သူ့ရဲ့ နေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ် လို့ သိရပါတယ်။ “အခု တရားခံကို အမှုဖွင့်ထားတယ်၊ အရေးယူထားပါတယ်၊ ကျိုက်မရော Mpf ပေ့ခ်ျမှာလည်း တင်ထားပေးပါတယ်”လို့ ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တပ်ကြပ်ကျော်နိုင်ဝင်းက ပြောပါတယ်။ ကျိုက်မရော မြို့မရဲစခန်းက တရားခံ ဦးအဒိန်းကို လက်နက်ဥပဒေပုဒ်မ (၁၉) စ၊ ၁၉ (င) တို့နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-အာကာမင်း၊ ဓာတ်ပုံ - Kyaikmayaw Mpf

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024