တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့တွင် လူ ၇ ဦးကို သေနတ်သမား ပစ်သတ်

ဓာတ်ပုံ - WFAA 8 News
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒါးလတ်စ်မြို့ ဆင်ခြေဖုံးက အိမ်တအိမ်မှာ စက်တင်ဘာ ၁၀ ရက် ညနေပိုင်းက လူ ၇ ဦးကို သေနတ်သမားတဦးက ပစ်သတ်ခဲ့ပါတယ်။ ဒါးလတ်စ်မြို့မြောက်ပိုင်း ဆင်ခြေဖုံးက ပလာနိုရပ်ကွက်မှာ ပစ်ခတ်မှုဖြစ်ခဲ့ပြီး သေနတ်သမားနဲ့ ရဲတွေ အပြန်အလှန်ပစ်ခတ်ရင်း သေနတ်သမား သေဆုံးခဲ့တယ်လို့ ဒေသန္တရ ရဲဌာန ပြောခွင့်ရ ဒေးဗစ် တေးလ်လီက ပြောပါတယ်။ ဒီပစ်ခတ်မှုမှာ ရဲအရာရှိတွေတော့ ထိခိုက်ဒဏ်ရာ မရခဲ့ပါဘူး။ အိမ်ထဲမှာ လူ ၇ ဦးကို သေဆုံးလျက်သား တွေ့ရပြီး ပစ်ခတ်ခံခဲ့ရတဲ့ နောက် ၂ ဦးကိုတော့ ဆေးရုံတင်ပို့ခဲ့ရကာ သူတို့အခြေအနေကို မသိရသေးပါဘူး။ ပစ်ခတ်သူနဲ့ ပစ်သတ်ခံရသူတွေကြားက ဆက်ဆံရေးအခြေအနေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကိုလည်း မသိရသေးပါဘူး။

More News
Up