ပင်လည်ဘူးတွင် မူးယစ်ဆေးဝါး ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းမိ

3.1K
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်၊ ပင်းကြိုင်းကျေးရွာမှာ ဒီကနေ့ မနက်ပိုင်းက မူးယစ်ဆေးဝါးတွေ ကျပ်သိန်း ၄၀၀ ကျော်ဖိုး ဖမ်းဆီးရမိခဲ့ပါတယ်။
ပင်လည်ဘူးမြို့မရဲစခန်းက ဒုရဲအုပ် စောဘုန်းဝေ ဦးဆောင်ပြီး သက်သေ ပင်းကြိုင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွားမောင်၊ တောင်ဒွန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်တို့နဲ့အတူ ဝင်းဇော် ရဲ့ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး ဘိန်းမဲ အထုတ် ၂၀ နဲ့ ဘိန်းဖြူ ဆပ်ပြာခွက် ၂ ခွက်၊ ငွေစက္ကူ ရောရာ ၈၀၀၀၀ သောင်းကျပ်တို့ကို လူ ၃ ဦးနဲ့ အတူ ရှာဖွေ ဖမ်းမိခဲ့တာလို့ ပင်လည်ဘူး မြို့မရဲ စခန်းမှူး ဒုရဲမှူး သောင်းဌေးက ပြောပါတယ်။
မူးယစ်ဆေးဝါး ဘိန်းမဲ အထုတ် ၂၀ အလေးချိန် ၁၅၁၀၄ ဒသမ ၅၁ ဂရမ်၊ ဘိမ်းဖြူ အလေးချိန် ၁၈ ဂရမ်လောက် ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ကာလတန်ဖိုးငွေကျပ်သိန်း ၄၃၄၃၉၄၆၀ ကျပ်ခန့် ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။
ပင်လယ်ဘူး မြို့မရဲစခန်းက မူးယစ်ဆေးဝါး လက်ထားရှိသူ ဝင်းဇော်ဦး၊ ထွန်းရင်နဲ့ သန်းဇော်ဝင်းတို့ ၃ ဦးကို ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။
သီဟဆွေ- ကသာ