Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
September 11, 2017
မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၅၂၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၂၈,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲစင်းငုံ ပဲစင်းငုံကတော့ ဒီနေ့မှာ ၁ တန်ကို ငွေကျပ် ၄၁၀,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၀,၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။ ပဲတီစိမ်း ပဲတီစိမ်းကတော့ ဒီနေ့မှာ ၁ ပိဿာကို ၂၂၅ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၅၈၀ ကျပ်ကနေ ငွေကျပ် ၂,၄၂၀ ပေါက်ဈေးရှိနေပါတယ်။ ကြက်သွန်နီ ကြက်သွန်နီကတော့ ဒီနေ့မှာ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ ပိဿာကို ၁,၇၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၅၀ ပေါက်ဈေးရှိနေ ပါတယ်။ နှမ်းညို မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းညိုက ၁ အိတ်ကို ငွေကျပ် ၈၈,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ပဲပုတ်(ဗမာ) ပဲပုတ်(ဗမာ)ကတော့ ဒီနေ့မှာ ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၉၄,၀၀၀ ရှိပါတယ်။ ကုလားပဲလုံး v2 ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံး v2 က ၁ တင်းကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၄၂,၅၀၀ ပေါက်ဈေးရှိနေပါတယ်။ ခရမ်းချဉ်သီး အောင်ပန်း ကုန်စည်ဒိုင်မှာတော့ ခရမ်းချဉ်သီးက ၁ ပိဿာကို ငွေကျပ် ၉၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၃၀၀ ကျပ် ဈေးတက်လာပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024