အမ်ဘာပေးသည် ပီလီလက်သစ် ဖြစ်လာနိုင်ဟု အာစင်ဝင်းဂါး ချီးကျူး

ပီအက်စ်ဂျီလူငယ်တိုက်စစ်မှူး အမ်ဘာပေးဟာ ပီလီလက်သစ် ဖြစ်လာနိုင်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ချီးကျူးပြောကြားလိုက်ပါတယ်။ အမ်ဘာပေးဟာ ဘရာဇီး ဂန္ထဝင်ကစားသမား ပီလီလို ကစားသမားဖြစ်ပြီး တချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစာသမားတဦး ဖြစ်လာနိုင်တယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။ ဒါ့အပြင် အမ်ဘာပေးဟာ ဘောလုံးနဲ့ပတ်သက်ပြီး ဉာဏ်ကောင်းတဲ့ကစားသမားဖြစ်သလို ကြိုစားမှုနဲ့ ခြေစွမ်းလည်းကောင်းတဲ့ ကစားသမားတဦး ဖြစ်တယ်လို့ အာစင်ဝင်းဂါးက ဆိုပါတယ်။ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အမ်ဘာပေးဟာ ဒီနှစ်အပြောင်းအရွှေ့မှာမှ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာပါ။ တရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် ရာသီအကုန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၁၆၆ သန်းနဲ့ ပီအက်စ်ဂျီအသင်းက အပြီးသတ်ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up