ယူအက်စ်အိုးပန်း အမျိုးသားတင်းနစ် ဗိုလ်လုပွဲတွင် ရာဖယ်နဒါးလ် အနိုင်ရချန်ပီယံဖြစ်

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ နယူးယောက်မှာ ကျင်းပပြုလုပ်တဲ့ ယူအက်စ်အိုးပန်း တင်းနစ်ပြိုင်ပွဲ အမျိုးသားတဦးချင်း ဗိုလ်လုပွဲမှာ စပိန်မှ ရာဖယ် နဒါးလ်က တောင်အာဖရိကနိုင်ငံက အန်ဒါဆင်ကို ၃ ပွဲပြတ်နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ဒဏ်ရာတွေကနေ တကျော့ပြန်လာတဲ့ အသက် ၃၁ နှစ်အရွယ် နဒါးလ်ဟာ ၂၀၁၃ နောက်ပိုင်းမှာ ယူအက်စ်အိုးပန်း ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရယူနိုင်တာပါ။ နဒါးလ်ဟာ အန်ဒါဆင်ကို ပထမ ၂ ပွဲမှာ ၆ - ၃၊ နောက်ဆုံးပွဲမှာ ၆ - ၄ နဲ့ အနိုင်ရသွားတာပါ။ ကမ္ဘာ့နံပါတ်တစ်ဖြစ်တဲ့ နဒါးလ်ဟာ ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ ၃ ဒသမ ၅သန်း ရရှိမှာပါ။ အခုချန်ပီယံဆုဟာ သူ့အတွက်တော့ ၁၆ ကြိမ်မြောက်ရတဲ့ ဂရန်းစလန်းဆုဖလား ဖြစ်ပါတယ်။ ဘယ်သန်တယောက်ဖြစ်တဲ့ နဒါးလ်ဟာ ကစားသမား သက်တမ်းအတွင်းမှာ ပြင်သစ်အိုးပင်း ၁၀ ကြိမ်၊ ယူအက်စ်အိုးပန်း ၃ ကြိမ်၊ ဝင်ဘယ်ဒန်အိုးပင်း ၂ ကြိမ်နဲ့ သြစတြေးလျအိုးပန်း ၁ ကြိမ် ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။ အခုရတဲ့ ယူအက်စ်အိုးပန်း ချန်ပီယံဆုဟာ နဒါးလ်အတွက်  ၃ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။

More News
Up