ယူအက်စ်အိုးပန်း အမျိုးသမီးတင်းနစ် ဗိုလ်လုပွဲတွင် ဆလိုအန်နီစတက်ဖန်းစ် အနိုင်ရ

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ နယူးယောက်မှာ ယှဉ်ပြိုင်သွားတဲ့ ယူအက်စ်အိုးပန်း အမျိုးသမီး တဦးချင်း ဗိုလ်လုပွဲမှာ အမေရိကန်သူ ဆလိုအန်နီ စတက်ဖန်းစ်က ပြိုင်ဘက် မက်ဒီဆန်ကီးစ်ကို ၂ ပွဲပြတ်နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ယူအက်စ်အိုးပန်း ဗိုလ်လုပွဲမှာ အမေရိကန်နိုင်ငံသူ ၂ ဦး ၁၅ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် ဆုံတွေ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အဆင့် ၂၂ ဖြစ်တဲ့ ဆလိုအန်နီ စတက်ဖန်းစ်က အဆင့် ၁၅ ဖြစ်တဲ့ မက်ဒီဆန်ကီးစ်ကို လက်ရည်အသာနဲ့ ယှဉ်ပြိုင်ပြီး ပထမပွဲကို ၆ - ၃၊ ဒုတိယပွဲ ၆ - ၀ နဲ့ အနိုင်ယူသွားတာပါ။ ယူအက်စ်အိုးပန်းချန်ပီယံ အသက် ၂၄ နှစ်အရွယ် ဆလိုအန်နီ စတက်ဖန်းစ်ဟာ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၃ ဒသမ ၇ သန်း ရရှိမှာဖြစ်ပါတယ်။ အခုရတဲ့ ချန်ပီယံဆုဟာ စတက်ဖန်းစ်အတွက်တော့ ကစားသမား သက်တမ်းအတွင်းမှာ ပထမဆုံးရတဲ့ ဂရန်းစလန်း ဆုဖလားလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up