ကီလိုအေယာ မီးတောင်ချော်ရည်များ စီးဆင်းနေပုံ (ရုပ်သံ)

3.2K
ဟာဝိုင်အီပြည်နယ်က ကျွန်းကြီးပေါ်က ကီလိုအေယာ မီးတောင်ကနေ ချော်ရည်တွေ စီးဆင်းနေပုံကို မြင်ရတာပါ။
ဒီမီးတောင်ဟာ ၁၉၈၃ ခုနှစ်တည်းက ပူးအိုအိုး မီးတောင် အူကြောင်းကနေ ပေါက်ကွဲခဲ့ ပြီးပါပြီ။
ဒီသီတင်းပတ် နှောင်းပိုင်းက ကမ္ဘာ့ အလှုပ်ရှားဆုံး မီးတောင်ရဲ့ ပေ ၃၀ လောက် မြင့်တဲ့ တောင်ပူစာကနေ ချော်ရည်တွေ စီးထွက်လာခဲ့ပါတယ်။
မီးတောင်အူကြောင်းအောက် လေးမိုင်အကွာ တောင်ကမ်းပါးအထက် တောင်ပူစာထိပ်ကနေ မီးတောင် ပေါက်ကွဲခဲ့တာပါ။
၂၀၁၆ အစောပိုင်းက ပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ မီးတောင်ချော်ရည်တွေဟာ ဒီနှစ်နွေရာသီမှာ သမုဒ္ဒရာထဲ စီးဝင်ခဲ့ပါတယ်။