Home
မြန်မာသတင်း
အင်းတော်တွင် တိရစ္ဆာန် သန်းခေါင်စာရင်းများ စမ်းသပ်ကောက်ယူ
DVB
·
September 10, 2017
အင်းတော်မြို့နယ်တိရိစ္ဆာန်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ဦးကျော်မင်းဦး ဦးဆောင်သောအဖွဲ့ဟာ စက်တင်ဘာ ၉ ရက် နေ့က နန့်ခင့်ကျေးရွာမှာ တိရစ္ဆာန်သန်းခေါင် စာရင်းတွေ စမ်းသပ်ကောက်ယူခဲ့တယ်လို့ မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ကပြောပါတယ်။ အဆိုပါအဖွဲ့မှာ နန့်ခင့်ကျေးရွာအတွင်း ကျေးရွာအုပ်ချုပ် ရေးမှူး ဆယ်အိမ်မှူးတွေနဲ့ ပူးပေါင်းပြီး အဖွဲ့နှစ်ဖွဲ့ခွဲကာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ တိရစ္ဆာန်သန်းခေါင်စာရင်း စစ်တမ်းများကောက်ယူရာမှာ အခက်အခဲမရှိနိုင်စေဖို့ ရည်ရွယ်ပြီး အကြိုစစ်တမ်းကောက်ယူ တာဖြစ်ကြောင်း သိရပါတယ်။ “တိရစ္ဆာန်တွေကို အကြီးရယ် အသေးရယ်ဆိုပြီး နှစ်မျိုးကောက်ပါမယ်၊ အကြီးထဲမှာ ဒေသနွား၊ နို့စားနွား၊ ခိုင်းကျွဲ၊ ခိုင်းနွား၊ နို့စားကျွဲ၊ မြင်းတို့ပါပါမယ်၊ အခြားဆင်တို့ မွေးမြူထားမယ်ဆိုရင်လည်း စာရင်းကောက်ယူမှာပါ။ စာတိုင်အနေနဲ့မပါသေးပါဘူး၊ နောက်ပိုင်း ထည့်မှာဖြစ်ပါတယ်၊ တိရစ္ဆာန်အငယ်တွေမှာ ဆိတ်၊ သိုး၊ ဝက်၊ ခွေး အထိကောက်ယူမယ်။ ကြောင်ကိုမပါဘဲ ခွေးကိုစာရင်း ကောက်ရခြင်းမှာ ခွေးရူးရောဂါ ကာကွယ် ဆေးတွေကိုတမြို့နယ်မှာ ခွေးအကောင် ရေဘယ်လောက်ရှိလဲဆိုတာကို တွက် ချက်ပြီး ခွေးရူးရောဂါကာကွယ်ဆေးတွေကို နိုင်ငံတော်က စီစဉ်ပေးချင်ပေးမယ်။ “ဒါမှမဟုတ် နိုင်ငံတကာရဲ့အကူအညီ တွေနဲ့ဆောင်ရွက်နိုင်ပါမယ်၊ ဒါတွေဆောင် ရွက်နိုင်ဖို့အတွက် အကောင်ရေသိချင်လို့ဖြစ် ပါတယ်၊ ကြက်ငှက်တွေထဲမှာ ကြက်၊ ကြက်ဆင်၊ မန်ဒါလီ၊ ဘဲနဲ့ ငန်းအထိ ကောက်ယူပါမယ်၊ တိရစ္ဆာန်နဲ့ပတ်သက်ပြီး အချက်အလက်တွေကိုတော့ ဒေသနွား တွေကိုမျိုးတင်တာရှိမရှိ၊ နွားသိုးတွေကို မျိုးတင်တာရှိမရှိ မေထုံမဲ့နည်းနဲ့တင်တာလား စီးပွားဖြစ် ကြက်ခြံ၊ ဝက်ခြံတွေ မျိုးခြံတွေရှိလား ဆိုတာတွေကိုပါ တလက်စတည်း စာရင်းကောက်ယူပြုစု သွားမှာဖြစ်ပါတယ်/ ဒီစစ်တမ်းက ရရှိလာတဲ့ အတွေ့အကြုံတွေကို နေပြည် တော်မှာ ဆွေးနွေးတင်ပြရမှာဖြစ်ပါတယ်” လို့ အင်းတော်မြို့နယ်တိရိစ္ဆာန်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ ဦးကျော်မင်းဦးက ပြောပါတယ် ။ National Animals Census ဆိုပြီး တနိုင်ငံလုံးကောက်ယူမယ့်အစီအစဉ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှစတင်ကာ အင်းတော်မြို့နယ်အတွင်းရှိ ကျေးရွာများရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ကျေးရွာ ၃၁ ရွာကို အချိန်တလကြာ စစ်တမ်းကောက်ယူသွား မှာဖြစ်ကြောင်း ဒေါက်တာဦးကျော်မင်းဦးက ဆက်လက်ပြောပြပါတယ်။ အဆိုပါအဖွဲ့မှာ နန့်ခင့်ကျေးရွာတွင် အိမ်ခြေ ၁၆၀ နဲ့ ဘုန်းကြီးကျောင်းတကျောင်း၊ သီလရှင်ကျောင်းနှစ်ကျောင်း တို့က ဆင်တကောင်နဲ့ နွား၊ ကျွဲ၊ aခွး၊ ကြက်၊ ဘဲတွေကို စာရင်းကောက်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကိုကျော် (အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024