ဗန်းမောက်တွင် စိတ်ကြွဆေးပြားနှင့်ဘိန်းဖြူ ၁၂၇ သိန်းကျော်ဖိုး ဖမ်းမိ
DVB
·
September 10, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မံကပ်ကျေးရွာအနီး တောအတွင်းမှာ ကျပ် ၁၂၇ သိန်းကျော်ဖိုး ဘိန်းဖြူနဲ့ wy စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးဖွဲ့က ပြောပါတယ်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ဦးဇော်လင်းဦးနဲ့အဖွဲ့ဟာ မံကပ်ကျေးရွာအနီး တောထဲတွင်မံကပ် ကျးရွာနေ ဦးညွန့်သောင်းရဲ့ လူမနေတဲ့ တဲတွင် မူးယစ်ဆေးဝါးများရောင်းချနေ ကြောင်းသတင်းအရ ဖမ်းဆီးခဲ့ရာ ဖိုးသာ(ခ)နေဝန်းအောင်နဲ့ မကျွမ်းဘူးတို့ကို တွေ့ရှိပြီး ဖိုးသာ(ခ)နေဝန်း အောင်မှာ မူးယစ်ဆေးဝါးတွေပါရှိတဲ့ ဘေးလွယ်အိတ်ကို ယူဆောင်ပြီး တဲပေါ်မှ ခုန်ချထွက်ပြေးသွားခဲ့ရာ လိုက်လံဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဖိုးသာ(ခ)နေဝန်းအောင်နှင့် မကျွမ်းဘူးတို့ စားဖို့ ထမင်းထုပ်လာရောက် ပို့ဆောင်သူ မုန်တိုင်း(ခ)တင်အောင်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖိုးသာ(ခ)နေဝန်းအောင်ရဲ့ လွယ်အိတ်ထဲက ကျပ် ၁၈၁၀၀၀၀ တန်ဖိုးရှိ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါ စပ်ကြား အမှုန့် စုစုပေါင်း(၁၈ ဒသမ ၁) ဂရမ်၊ ကျပ် ၁၀၉၅၀၀၀၀ တန်ဖိုးရှိ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ဆေးပြားစုစုပေါင်း ၂၁၉၁ ပြား၊ ငွေစက္ကူမျိုးစုံ ၃၉၅၀၀၀ ကျပ်၊ ဆင်းကတ်ပါဟမ်းဆက် ၂ လုံးနဲ့ ဆိုင်ကယ် ၂ စီး တို့ကို ဆည်းရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးဖွဲ့က အဖွဲ့ဝင် ဦးဇော်လင်းဦးကပြောပါတယ်။
ဒီနောက် ဖိုးသာ(ခ)နေဝန်းရဲ့နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ဘိန်းဖြူလို့ ယူဆရတဲ့ ဖြူ/ဝါ စပ်ကြား အမှုန့်တွေ ကပ်နေတဲ့ ပင်နယ်စီလင် ပုလင်း ၁ လုံးအားသိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။
ဗန်းမောက်မြို့မ ရဲစခန်းမှာ နေဝန်းအောင်၊ မကျွမ်းဘူး နဲ့ မုန်တိုင်း(ခ) တင်အောင်တို့ကို မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ နဲ့ အမှုဖွင့် အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
ကိုကျော် (အင်းတော်)