အာဆီယံယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ ထိုင်း ၁ – ၀ ကမ္ဘောဒီးယား၊ စင်ကာပူ ၃ – ၀ လာအို (ဓာတ်ပုံ)











3.8K
မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု က ပွဲစဉ်အဖြစ် ထိုင်းနဲ့ ကမ္ဘောဒီးယား၊ စင်ကာပူနဲ့ လာအိုတို့ ဒီနေ့ နေ့လယ် ၃ နာရီက ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်းနဲ့ စင်ကာပူတို့ အသီးသီး အနိုင်ရသွားပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ ပွဲစဉ်မှာ သုဝဏ္ဏကွင်းအတွင်း မိုးရွာသွန်းခဲ့မှုကြောင့် ရေတွေဝပ်နေတဲ့အတွက် နှစ်သင်းစလုံး ကစားရခက်ခဲခဲ့ပြီး ထိုင်းက တလုံးတည်းသောဂိုးနဲ့ အနိုင်ရသွားတာပါ။
အောင်ဆန်းကွင်းမှာ တချိန်တည်းယှဉ်ပြိုင်တဲ့ စင်ကာပူနဲ့ လာအိုတို့ ပွဲစဉ်မှာတော့ စင်ကာပူက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
စင်ကာပူဟာ ဒီပွဲစဉ် ပထမပိုင်းမှာ ၂ ဂိုး၊ ဒုတိယပိုင်းမှာ ၁ ဂိုး သွင်းယူခဲ့တာပါ။
ဒီအုပ်စုမှာ ထိုင်းအသင်းဟာ ၃ ပွဲကစား ၃ ပွဲလုံး အနိုင်ရပြီး ရမှတ် ၉ မှတ်နဲ့ လတ်တလော အုပ်စုကို ဦးဆောင်ထားနိုင်ပါတယ်။
စင်ကာပူကတော့ ၃ ပွဲကစား၊ ၂ ပွဲနိုင် ၁ ပွဲရှုံး၊ ရမှတ် ၆ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်နေပါတယ်။
ဒီအုပ်စုက မလေးရှားနဲ့ တီမောတို့ရဲ့ ပွဲစဉ်ကိုတော့ ဒီနေ့ညနေ ၆ နာရီ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်