ရခိုင်မှ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူများအတွက် ကုလသမဂ္ဂက ဒေါ်လာ ၇ သန်း ကူညီ
DVB
·
September 8, 2017
ရခိုင်ပြည်နယ်တွင်းကနေ ထွက်ပြေးလာတဲ့ မွတ်စလင်တွေကို အကူအညီပေးဖို့အတွက် ကုလသမဂ္ဂ အရေးပေါ်တုံ့ပြန်ကူညီရေး ရံပုံငွေ CERF ကနေ ဒေါ်လာ ၇ သန်း ထုတ်ပေးလိုက်ပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီရေးအကြီးအကဲ မာ့ခ်လိုကော့ခ်က ပြောပါတယ်။
ရခိုင်ပြည်နယ်တွင်း လွန်ခဲ့တဲ့ ၂ ပတ်လောက်ကတည်းက အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၆ သောင်းကျော်လောက်ကို အခြေခံလို အပ်ချက်တွေ လက်ခံကူညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပေးသွားမှာဖြစ်ပြီး ဒေါ်လာ ၁၀ သန်းအထိ တိုးပေးသွားမယ်လို့ဆိုပါတယ်။
သြဂုတ်လကုန်ပိုင်းကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မြန်မာနိုင်ငံဘက်ကနေ ထွက်ပြေးလာသူပေါင်း ၁၂၅၀၀၀ လောက်ရှိတယ်လို့ စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် ဒီလို ထွက်ပြေးလာတယ်ဆိုတဲ့ ဒီအရေအတွက်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
မြန်မာအစိုးရ သတင်းထုတ်ပြန်ရေးကော်မတီကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၁ မှ ၃၅ အကြားမှာ လူပေါင်း ၃ သောင်းကျော်လောက် ယာယီတဲတွေနဲ့ တရားမ၀င် သွားရောက်နေထိုင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။