Home
မြန်မာသတင်း
ကသာတွင် ဘိန်းဖြူ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ​ဖမ်းမိ
DVB
·
September 8, 2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီးမှာ စက်တင်ဘာ ၇ ရက်နေ့  ညနေက ဘိန်းဖြူ ကျပ်သိန်း ၁၂၀ ကျော်ဖိုး ဖမ်းမိခဲ့တယ်လို့ ကသာ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု (၆) က ပြောပါတယ်။ မူးယစ်ဆေးဝါး သတင်းအရ ကသာ-အင်းတော် ကားလမ်းပေါ်ရှိ ကသာမြို့နယ်၊ လမ်းခွကျေးရွာအနီး မီးရထားသံလမ်းကူးမှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု ၆ ကသာမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်နိုင်ဦး ခေါင်းဆောင်တဲ့ မူးယစ်တပ်ဖွဲ့ဝင်တွေဟာ သက်သေတွေနဲအတူ စောင့်ဆိုင်းနေချိန် ကသာမြို့ဘက်မှ ရန်အောင်(ခ)ဇေယျာလင်း  မောင်းနှင်ပြီး ကျော်စိုးနိုင်(ခ)ညီညီနိုင် လိုက်ပါလာတဲ့ အနက်ရောင် 125 ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ခွကြားမှာ ညှပ်ထားတဲ့ ဆာလာအိတ်အတွင်း ရောင်စုံဆပ်ပြာခွက် ၁၁ ခွက်ထဲက ဘိန်းဖြူ ၁၂၁ ဂရမ်၊  ကာလတန်ဖိုး ကျပ် ၁၂၁ သိန်းဖိုးကို ရှာဖွေစစ်ဆေးတွေ့ရှိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၆) ကသာမှ တပ်ဖွဲ့စုမှူး ဒုရဲမှူး မြင့်နိုင်ဦးက ပြောပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့အတူ လက်ဝယ်တွေ့ရှိသူ  မိုးညှင်းမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာ နေသူတွေ ဖြစ်ကြတဲ့ ရန်အောင်(ခ)ဇေယျာလင်းနဲ့ ကျော်စိုးနိုင်(ခ)ညီညီနိုင်တို့ နှစ်ဦးကို ကသာမြို့မရဲစခန်းမှာ မယ(ပ)၃၈/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။ သတင်း - ကိုကျော်(အင်းတော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024