Home
မြန်မာသတင်း
မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လူ ၃သောင်းကျော် ယာယီတဲများဖြင့် သွားရောက်နေထိုင်
DVB
·
September 8, 2017
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၁ မှ ၃၅ အကြားမှာ လူပေါင်း ၃ သောင်းကျော်လောက် ယာယီတဲတွေနဲ့ တရားမ၀င်သွားရောက်နေထိုင်နေတယ်လို့ အစိုးရသတင်းထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ပါတယ်။ ARSA အစွန်းရောက်အကြမ်းဖက်သမားတွေက သြဂုတ် ၂၅ ရက်ကနေ စက်တင်ဘာ ၄ ရက်အတွင်း ရခိုင်ပြည်နယ်မြောက်ခြမ်းရှိ နယ်ခြားစောင့်ရဲစခန်းတွေကို ၀င်ရောက်တို က်ခိုက်တဲ့ဖြစ်စဉ်တွေ ဖြစ်ပွားတဲ့အတွက် ခုလို သွားရောက်နေထိုင်နေကြတာပါ။ မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ ကွမ်းသီးပင်၊ သဲချောင်း၊ မီးတိုက်ကျေးရွာအုပ်စုတွေနဲ့  တောင်ပြိုလက်ဝဲမြို့ပေါ် ရပ်ကွက် ၅ ရပ်ကွက် တို့ရှိ ဒေသနေထိုင်သူတွေက မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် ၃၁ မှ ၃၂ အကြား အနီးမှာ လူဦးရေ ၁၂၀၀ လောက်၊ နယ်စပ်မှတ်တိုင် ၃၂ မှ ၃၃ အကြား အနီးမှာ လူဦးရေ ၁၁၀၀၀ လောက်၊ နယ်စပ်မှတ်တိုင် ၃၄ မှ ၃၅ အကြား အနီးမှာ လူဦးရေ ၁၈၀၀၀ လောက် ယာယီတဲတွေနဲ့ တရားမ၀င်သွားရောက်နေထိုင်နေတယ်လို့ အစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စက်တင်ဘာ ၆ ရက်နေ့ကလည်း မောင်တောမြို့နယ် ၊ မောင်နှမကျေးရွာအုပ်စု မောင်နှမ (အလယ်ရွာ)ရွာမှာ  ARSA အစွန်းရောက်အကြမ်းဖက်သမားတွေ အသုံးပြုတဲ့  လက်လုပ်သေနတ် ၁လက်နဲ့ မိုင်း ၃လုံးကို ရွာသားတွေ့ကတွေ့ရှိ သတင်းပေးခဲ့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်သိမ်းဆည်းခဲ့တယ်လို့ လည်းထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂကတော့ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ သြဂုတ်လကုန်ပိုင်း ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာသူ ၁၂၅၀၀၀ လောက်ရှိတယ်လို့ စက်တင်ဘာ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024