အာဆီယံယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတွင် ဗီယက်နမ်နှင့် အင်ဒို ဂိုးပြတ်နိုင်ပွဲရ (ဓာတ်ပုံ)
























3.4K
မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု ခ ပွဲစဉ်တွေကို မနေ့က ဆက်လက်ယှဉ်ပြိုင်ရာ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားတို့ ဂိုးပြတ်သွင်းယူပြီး နိုင်ပွဲရသွားပါတယ်။
မနေ့က အစောပိုင်းယှဉ်ပြိုင်တဲ့ ဗီယက်နမ်နဲ့ ဘရူနိုင်းတို့ပွဲစဉ်မှာ ဗီယက်နမ်က ၈ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။
ဗီယက်နမ်အသင်းဟာ တဘက်သတ် ဖိကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၃ ဂိုး၊ ဒုတိယပိုင်းမှာ ၅ ဂိုး သွင်းယူခဲ့ပါတယ်။
ဘရူနိုင်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပထမပိုင်း ပြီးခါနီးမှာ သွင်းယူခဲ့ပါတယ်။
အိမ်ရှင် မြန်မာအသင်းကို အနိုင်ရထားတဲ့ အင်ဒိုနီးရှားအသင်းကလည်း ဖိလစ်ပိုင်ကို ခြေအသာနဲ့ ကစားနိုင်ခဲ့ပြီး ပထမပိုင်းမှာ ၅ ဂိုး၊ ဒုတိယပိုင်းမှာ ၄ ဂိုးသွင်းယူခဲ့တာပါ။
ဒီအုပ်စုမှာ အင်ဒိုနီးရှားက နှစ်ပွဲကစား နှစ်ပွဲနိုင် ခြောက်မှတ်နဲ့ အုပ်စုပထမ၊ ဗီယက်နမ်က တပွဲကစား ၃ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ ဦးဆောင်ထားပါတယ်။
အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် အုပ်စု က တတိယမြောက်ပွဲစဉ်တွေကို ဒီနေ့ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး နေ့လယ် ၃ နာရီ အောင်ဆန်းကွင်းမှာ လာအိုနဲ့ စင်ကာပူ၊ သုဝဏ္ဏကွင်းမှာ ထိုင်းနဲ့ ကမ္ဘောဒီးယား၊ ညနေ ၆ နာရီ သုဝဏ္ဏကွင်းမှာ တီမောနဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်