လက်စတာက ကစားသမား ခေါ်ယူရာတွင် အချိန်နောက်ကျခဲ့မှု ဖီဖာထံတင်ပြချက် ပယ်ချ

လက်စတာအသင်းဟာ ကစာသမားခေါ်ယူမှုမှာ ၁၄ စက္ကန့်နောက်ကျခဲ့လို့ အဆင်မပြေဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ထံ တင်ပြတောင်းဆိုခဲ့ပေမယ့် ဖီဖာက ပယ်ချက်လိုက်ပါတယ်။ လက်စတာအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးရက်မှာ စပို့တင်းလစ္စဘွန်း ကွင်းလယ်လူ အက်ဒရီယန်ဆေးဗားလ်ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပေမယ့် သတ်မှတ်ထားတဲ့ အချိန်ထက် ၁၄ စက္ကန့်နောက်ကျသွားတဲ့အတွက် ခေါ်ယူခွင့်မရခဲ့တာပါ။ လက်စတာအသင်းအနေနဲ့ အခုလို ဖီဖာရဲ့ ပယ်ချခံရမှုနဲ့ပတ်သက်ပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်း အဖြေရှာသွားမယ်လို့ သိရပါတယ်။ စပို့တင်းလစ္စဘွန်း အသင်းဘက်ကလည်း အန်ဒရီယန်ဟာ လက်စတာ အသင်းဆီ ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေပြီး လက်စတာအသင်းဘက်က အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်စတာအသင်းခေါ်ယူဖို့ သဘောတူညီထားတဲ့ ကွင်းလယ်ကစားသမား အန်ဒရီယန်ဆေးဗားလ်ဟာ ပေါ်တူဂီအသင်းအတွက်ပွဲ ၂၀ ကစားထားပြီး ပေါ်တူဂီအသင်း ယူရို ၂၀၁၆ ပြိုင်ပွဲ ချန်ပီယံဖြစ်ခဲ့ရာမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ လက်စတာအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အန်ဒရီယန်ကို မခေါ်ယူနိုင်ခဲ့ပေမယ့် ကွင်းလယ်လူ ဒရင့်ဝါးတားကိုတော့ ပေါင် ၃၅ သန်းနဲ့ ချဲလ်ဆီးအသင်းဆီ ရောင်းချခဲ့ပါတယ်။

More News
Up