တောင်အာဖရိကနှင့် ဆီနီဂေါပွဲစဉ် ကိုယ်တွယ်ခဲ့သည့် ဒိုင်ကို တသက်တာ ပွဲပယ်ချမှတ်

3.3K
တောင်အာဖရိကနဲ့ ဆီနီဂေါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကွင်းလယ်ဒိုင်လူကြီးကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ) က တစ်သက်တာပွဲ ပယ်ချမှတ်လိုက်ပါတယ်။
အဲဒီပွဲမှာ တောင်အာဖရိကက ဆီနီဂေါကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာပါ။ အဲဒီပွဲကို ကိုင်တွယ်တဲ့ ဂီနီကွင်းလယ်ဒိုင် ဂျိုးဆက်လမ်တီဟာ ပင်နယ်တီဧရိယာအတွင်းမှာ ဆီနီဂေါနောက်ခံလူတဦး လက်ထိတယ်ဆိုပြီး ပင်နယ်တီပေးခဲ့တာပါ။
ရုပ်သံပြကွက်တွေအရ ဆီနီဂေါနောက်ခံလူဟာ ဒူးနဲ့ပဲထိခဲ့တာဖြစ်ပြီး ကွင်းလယ် ဒိုင်လူကြီးအနေနဲ့ လုပ်ပွဲကစားခဲ့တာလို့ ယူဆတဲ့အတွက် ကမ္ဘာ့ဘော လုံးအဖွဲ့ချုပ်က တသက်တာ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာပါ။
အငြင်းပွားဖွယ်ရာဖြစ်ခဲ့တဲ့ တောင်အာဖရိကနဲ့ ဆီနီဂေါအသင်းတို့ ပွဲစဉ်ကိုလည်း လာမယ့်နိုဝင်ဘာလအတွင်းမှာ ပြန်လည်ယှဉ်ပြိုင်ကစားဖို့လည်း ဖီဖာက ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၄၂ နှစ်ရှိ ဂီနီဒိုင်လူကြီး လမ်တီဟာ ဘရာဇီးအိုလံပစ်ပြိုင်ပွဲမှာလည်း တာဝန်ယူကိုင်တွယ်ခဲ့ဖူးပါတယ်။
အာဖရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု D မှာ ဘူကီနာ ဖာဆိုနဲ့ ကိတ်ဗာဒီအသင်းတို့က ရမှတ် ၆ မှတ်စီနဲ့ ဦးဆောင်နေပြီး တောင်အာဖရိကနဲ့ ဆီနီဂေါအသင်း တို့က အဆင့် ၃ နဲ့ ၄ နေရာတွေမှာ ရပ်တည်နေတာဖြစ်ပါတယ်။