Puerto Rico နိုင်ငံတွင် မုန်တိုင်းကြောင့် ၇ ဦး သေဆုံး

ပြင်းအားအဆင့် ၅ ရှိတဲ့ အီမာ ဟာရီကိန်းမုန်တိုင်းကြောင့် ပူဝယ်တို ရီးကိုး (Puerto Rico) နိုင်ငံမှာ အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့တယ်လို့ စက်တင်ဘာ ၇ ရက်နေ့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ စီအန်အန်သတင်းတပုဒ်မှာတော့ မြောက်ပိုင်းကရစ်ဘီယန်ကျွန်းနိုင်ငံတွေမှာ အီင်္မာမုန်တိုင်းကြောင့် သေဆုံးသူ အနည်းဆုံး ၃ ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။ ပြင်းအားအဆင့် ၅ ရှိ အီမာမုန်တိုင်းဟာ ပူဝယ်တို ရီးကိုး နိုင်ငံ အန်တီဂွါနဲ့ ဘာဘူဒါကျွန်းတွေကို စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်းက ၀င်ရောက်တိုက်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အန်တီဂွါနဲ့ ဘာဘူဒါကျွန်းဝန်ကြီးချုပ် ဂက်စ်တွန် ဘရောင်းက “အိုးအိမ်အားလုံး ပျက်စီးကုန်ပါတယ်။ ဘာဘူဒါဟာ အခုတော့ အမှိုက်ပုံဖြစ်နေပါပြီ” လို့ သတင်းမီဒီယာတွေကို ပြောပြခဲ့ပါတယ်။ ပြင်းအား အဆင့် ၅ ရှိတဲ့ အီမာမုန်တိုင်း ဗဟိုချက်မဟာ ပြင်သစ်နဲ့ ဒတ်ခ်ျ တစ်ဝက်ဆီ ပိုင်ဆိုင်တဲ့ စိန့်မာတင်ကျွန်းကို စက်တင်ဘာ ၆ ရက်နေ့ညနေပိုင်းက ၀င်ရောက်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီ ၁၈၅ မိုင်နှုန်းထိ ရှိပါတယ်။ ပြင်းအားအဆင့် ၅ ဟာ မုန်တိုင်းသတ်မှတ်ချက်တွေထဲမှာ အမြင့်ဆုံးဖြစ်ကြောင်း အမေရိကန်အမျိုးသား ဟာရီကိန်းစန်တာက သတင်းထုတ်ပြန်ထားပါတယ်။

More News
Up