မြောက်ကိုရီးယားအရေး ပူးပေါင်းဖြေရှင်းရန် ရုရှားနှင့်တောင်ကိုရီးယား သဘောတူ

3.4K
မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်နဲ့ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းတို့ဟာ စက်တင်ဘာလ ၆ ရက်က ရုရှားရဲ့ ပစိဖိတ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဗလာဒီဗိုစတော့မြို့မှာ တွေဆုံဆွေးနွေးခဲ့ကြပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ကြပါတယ်။
မြောက်ကိုရီးယားနဲ့ပတ်သက်တဲ့ လက်ရှိအကြပ်အတည်းအခြေအနေဟာ နိုင်ငံရေးနဲ့ သံတမန်ရေး နည်းလမ်းတွေမပါဘဲ ရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူးလို့ ရုရှားသမ္မတ ပူတင်ကပြောကြားသွားပါတယ်။
“ကျနော်တို့ရဲ့ မူပိုင်းဆိုင်ရာရပ်တည်ချက်နဲ့ပတ်သက်ပြီး သမ္မတမွန်ဂျေအင်းကို အတည်ပြု ပြောထားပြီးပါပြီ၊ ကျနော်တို့ မြောက်ကိုရီးယားရဲ့ နျူကလီးယားအခြေအနေကို အသိအမှတ်မပြုဘူး ဆိုတဲ့မူပါ၊ ပြုံးယမ်းရဲ့ နျူကလီးယားဒုံးကျည် အစီအစဉ်ဟာ ကုလလုခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာ ဖြစ်ပါတယ်၊ သူ့ရဲ့ လုပ်ရပ်ဟာ နျူကလီးယားကင်းစင်တဲ့ နိုင်ငံဖြစ်ရေးကို ယုတ်လျော့သွားစေပြီး၊ အရှေ့မြောက်အာရှဒေသရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာဖြစ်ပါတယ်”
“တပြိုင်နက်တည်းပြောရရင် မြောက်ကိုရီးယားကိစ္စကို ပိတ်ဆို့အရေးယူမှု၊ ဖိအားပေးမှုဆိုတဲ့ နည်းလမ်းတွေပဲသုံးရင်တော့ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး၊ ကျနော်တို့အနေနဲ့ စိတ်ခံစားမှုနောက်ကို လိုက်လို့မဖြစ်သလို၊ မြောက်ကိုရီးယားကိုလည်း ချောင်ပိတ်သွားအာင် မလုပ်သင့်ပါဘူး၊ အခုအချိန်မှာ နိုင်ငံတိုင်းဟာ အရင်တုန်းကထက် တည်ငြိမ်မှုရှိဖို့ အရေးကြီးသလို၊ တင်းမာမှုမြင့်တက်စေမယ့် လုပ်ရပ်ေ်တွကို ရှောင်ရှားဖို့လိုအပ်ပါတယ်”
“လက်ရှိအခြေအနေကို တိုးတက်အောင်လုပ်ဖို့ဆိုတာက နိုင်ငံရေးနဲ့ သံတမန်ရေး နည်းလမ်းတွေမပါဘဲ လုပ်ဖို့ တော်တော်ခက်ခဲပါတယ်။ ပိုပြီး တိတိကျကျပြောရရင် ဖြစ်ကို မဖြစ်နိုင်တာပါ” လို့ ရုရှားသမ္မတ ပူတင်ကပြောကြားသွားတာဖြစ်ပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်က “ဒေသတွင်းရင်ဆိုင်နေရတဲ့ ပြဿနာတွေထဲမှာ အန္တရယ်အများဆုံးနဲ့ အခက်ခဲဆုံးဖြစ်တဲ့ မြောက်ကိုရီးယား နျူကလီးယားပြသနာဟာ ထိပ်တန်းဦးစားပေးဖြစ်ပြီး အဲဒီပြဿနာကို ဖြေရှင်းဖို့ ကျနော်တို့ နှစ်နိုင်ငံ သဘောတူခဲ့ကြပါတယ်၊ မြောက်ကိုရီးယားဟာ နျူကလီးယားအစီအစဉ်ကို ဆက်လက်လုပ်ဆောင်ပြီး လမ်းမှားလိုက်နေတယ် ဆိုတာကိုရော ကိုရီးယားကျွန်းဆွယ်မှာ ဖြစ်နေတဲ့ တင်းမာမှုတွေ လျော့နည်းဖို့ အရေးကြီးတယ် ဆိုတာကိုပါ သမ္မတကြီး ပူတင်နဲ့ ကျနော်တို့ ယုံကြည်ကြပါတယ်”
“ဒါ့အပြင် မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ကျနော်တို့ အစိုးရရဲ့ ကြိုးပမ်းမှုနဲ့ ရပ်တည်ချက်ကို အပြည့်အ၀ နားလည်ထောက်ခံပေးတဲ့ သမ္မတကြီး ပူတင်ကို ကျေးဇူးတင်ရှိပါတယ်၊ အဲဒီအပေါ် အခြေခံပြီး နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မြောက်ကိုရီးယား အရေးကိစ္စနဲ့ ပတ်သက်ပြီး ဗျူဟာမြောက်ဆက်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ပြုလုပ် သွားမှာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။