Home
ရုပျသံ
တောင်ကြီးမြို့က ကျန်ရှိကျူးကျော်နေအိမ်များကို ဖျက်သိမ်းရှင်းလင်း (ရုပ်သံ)
DVB
·
September 7, 2017
တောင်ကြီးမြို့ အင်ကြင်းတောင်ခြေမှာရှိတဲ့ အစိုးရစီမံခန့်ခွဲပိုင်ခွင့်မြေပေါ်မှာ ကျူးကျော် နေအိမ်မဖျက်သေးတဲ့ အိမ်တွေကို တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး စက်တင်ဘာ ၇ ရက်နေ့က ကျန်ရှိနေအိမ်ကို ရှင်းလင်းဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ အိမ်တွေဖျက်သိမ်းဖို့ သတိပေးအကြောင်းကြားစာ ထုတ်ထားခဲ့ပေမယ့် မဖျက်သေးတဲ့အိမ်ကို အစိုးရက ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာ အင်အား ၂၅၀ နဲ့ မဖျက်သေးတဲ့ အိမ် ၉ လုံးကို သွားရောက်ဖျက်သိမ်း ရှင်းလင်းခဲ့တာဖြစ်ပါတယ်။ တောင်ကြီးမြို့ အတက်လမ်းဘေး အင်ကြင်းတောင် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိ မြေပေါ်မှာ ပလပ်မြေလို့ ဆိုကာ  အေးသာယာရပ်ကွက်နေ ပြည်သူတချို့ ဖေဖော်ဝါရီလက ကျူးကျော် ဝင်ရောက်နေထိုင်တဲ့အတွက် တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး မတ် ၃၀ ရက်က တရားစွဲဆိုထားတာဖြစ်ပြီး သြဂုတ် ၁၁ ရက်က အထက်မြန်မာပြည် မြေယာ ဥပဒေ အပိုဒ် ၆၉ အရ ထောင်ဒဏ် ၁ လစီချမှတ်ခဲ့ပါတယ်။ အဲဒီမြေဟာ ပြည်ထဲရေးဝန်ကြီးဌာနကနေ ၂၀၀၇ ခုနှစ်က တောင်ကြီးမြို့နယ် မြေအဖြစ် သတ်မှတ်ပြီး ၂၀၀၈ ခုနှစ်မှာ သစ်တောမြေကနေ ဖျက်သိမ်းကာ၊ ၂၀၁၀ ခုနှစ်မှာ ရှမ်းပြည်နယ် အစိုးရ စီမံခန့်ခွဲပိုင်ခွင့်မြေအဖြစ် သတ်မှတ်လိုက်တာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024