အာဆီယံ ယူ-၁၈ပြိုင်ပွဲ ထိုင်းနှင့် မလေးရှားအသင်းတို့ နိုင်ပွဲဆက်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ  အုပ်စု (က)ပွဲစဉ်တွေကို  မနေ့ညနေက ဆက်လက်ကျင်းပရာမှာ ထိုင်းနဲ့ မလေးရှားအသင်းတွေ အနိုင်ရသွားပါတယ်။ အောင်ဆန်းကွင်းမှာ ကန်သွားတဲ့ မလေးရှားနဲ့ စင်ကာပူတို့ ပွဲစဉ်မှာ မလေးရှားယူ ၁၈ အသင်းက စင်ကာပူယူ ၁၈ အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ သုဝဏ္ဏကွင်းမှာ ကန်သွားတဲ့ ထိုင်းနဲ့ လာအိုတို့ပွဲစဉ်မှာတော့ ထိုင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကမ္ဘောဒီးယားနဲ့ တီမောတို့ ပွဲစဉ်မှာတော့ တဖက်တဂိုးစီ သရေကျသွားပါတယ်။ အုပ်စုတွင်း နှစ်ပွဲစီကန်အပြီးမှာ ထိုင်း ယူ-၁၈ အသင်းနဲ့ မလေးရှား ယူ-၁၈ အသင်းတို့က နှစ်ပွဲအနိုင်ရကာ ရမှတ် ၆ မှတ်စီ အသီးသီး ရရှိထားပြီး  စင်ကာပူ ယူ-၁၈ အသင်းကတော့  တပွဲနိုင် ၃ မှတ် ရရှိထားပါတယ်။ ဒီကနေ့ညနေမှာတော့ အုပ်စု (ခ)ပွဲစဉ်တွေအဖြစ် ဗီယက်နမ်နဲ့ ဘရူနိုင်း၊ ဖိလစ်ပိုင်နဲ့ အင်ဒိုနီးရှားအသင်းတွေ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားကြရဖို့ရှိပါတယ်။ အိမ်ရှင်  မြန်မာယူ ၁၈ အသင်းကတော့ လာမယ့် စနေနေ့မှာ ဘရူနိုင်းအသင်းနဲ့ ကစားရဖို့ ရှိပါတယ်။ ဓာတ်ပုံ-MFF

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up