အင်းဝအပ်ချုပ်ဆိုင် အိမ်အကူမိန်းကလေး ၂ ဦးနှိပ်စက်ခံရမှု သက်သေများကို စတင်စစ်ဆေး
DVB
·
September 6, 2017
အင်းဝအပ်ချုပ်ဆိုင်က အိမ်အကူမိန်းကလေးနှစ်ဦး နှိပ်စက်ခံရမှုကို ကျူးလွန်ထားခြင်း မရှိကြောင်းနဲ့ လူကုန်ကူးမြောက်မမြောက်ကို တရားခံဘက်က သက်သေတွေကို စက်တင်ဘာ ၅ရက်က စတင်စစ်ဆေးနေ ပါတယ်။
ပြစ်မှုကျူးလွန်ထားသူတွေလို့ စွပ်စွဲခံရသူတွေဘက်ကတော့ အပြစ်မရှိကြောင်း သက်သေပြဖို့ မြို့နယ်ထွေအုပ်၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဝင်တချို့နဲ့ လူ့အခွင့်အရေး ကော်မရှင် ကော်မတီဝင်အဟောင်းဦးဇော်ဝင်းတို့ကို သက်သေအဖြစ်ခေါ်ထားပေမယ့်လည်း လက်ရှိရုံးချိန်းအထိ သက်သေအဖြစ်လာရောက်ထွက်ဆိုတာမရှိသေးပါဘူး။
စက်တင်ဘာလ ၅ ရက်နေ့ အချိန်ထိ တရားခံသက်သေတွေ စတင်စစ်ဆေးတာ ရုံးချိန်း ၅ ချိန်းရှိပြီဖြစ်ပြီး တရားခံပြသက်သေ ၁၂ ဦး စစ်ဆေးပြီးဖြစ်ပါတယ်။
ရုံးချိန်းမှာတော့ တရားခံပြသက်သေတဦးကို ဥပဒေအရာရှိက ပြန်လှန်မေးခွန်းတွေ စစ်မေးခဲ့ပြီး နောက်တကြိမ် ရုံးချိန်းကိုတော့ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့ကို ထပ်မံချိန်းဆိုထားပါတယ်။