ဒေါ်လာများကပ်ထားသည့် ဝတ်စုံဝတ်ပြီး လမ်းလျှောက်လှူဒါန်းသည့် အဖော်အချွတ်မော်ဒယ်

ဓာတ်ပုံ - အင်စတာဂရမ်
နာမည်ကြီး ပလေးဘွိုင်း အဖော်အချွတ်မဂ္ဂဇင်းရဲ့ မော်ဒယ်တဦးဟာ ဒေါ်လာတွေ ကပ်ထားခဲ့တဲ့ ဝတ်စုံကို ဝတ်ဆင်ပြီး အိမ်ခြေယာမဲ့တွေနဲ့ လိုအပ်တဲ့သူတွေ ဆွဲဖြုတ်ယူနိုင်စေဖို့ လမ်းလျှောက်လှည့်လည် လှူဒါန်းခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ် အာဂျင်တီးနားမော်ဒယ် ဗစ်တိုးရီးယား ဇီပိုလီတာ ကစ်စ်ဟာ ပရဟတိတလုပ်ငန်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားမှုကြောင့် နာမည်ကြီးသူတဦးလည်း ဖြစ်ပြီး ဒီလှူဒါန်းမှုကိုတော့ နယူးယောက်မြို့လယ်ခေါင်မှာ ပြုလုပ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ စက်တင်ဘာ ၅ ရက်နေ့က ဖော်ပြပါတယ်။ “ကျမဝတ်ထားတာဟာ ဘဏ်ထုတ်ဒေါ်လာငွေစက္ကူတွေ ဖုံးအုပ်ထားတဲ့ ဝတ်စုံပါ။ ငွေကြေးလိုအပ်တဲ့သူတွေ အနေနဲ့ ဒီဝတ်စုံကနေ ဖြုတ်ယူနိုင်မှာ ဖြစ်ပါတယ်။” သူဟာ လမ်းကြိုလမ်းကြားတွေမကျန် လှည့်လည်သွားရောက်ခဲ့ပြီး မြေအောက်ရထားဘူတာရုံတွေပါမကျန် လှည့်လည်ခဲ့တာပါ။ “ဘဝက ကျမကို အများကြီးပေးခဲ့ပါပြီ။ ခုချိန်ကတော့ ငွေကြေးလိုအပ်နေတဲ့ အိမ်ခြေယာမဲ့တွေ၊ လမ်းပေါ်ကလူတွေအတွက် ကျမဘက်က တခုခုလုပ်ပေးရမယ့် အချိန်ပါပဲ။” သူဟာ ဒီလိုလှည့်လည်နေတဲ့ပုံတွေကို သူ့ရဲ့ အင်စတာဂရမ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့ပါတယ်။ အင်စတာဂရမ်ပရိသတ် ၁ သိန်းခွဲကျော်ရှိနေခဲ့တဲ့ ဗစ်တိုးရီးယားဟာ လမ်းတွေ၊ ရထားတွေပေါ် လှည့်လည်နေချိန်မှာ ဘေးက မျက်မြင်တွေ့ရှိသူတွေက အံ့အားတသင့် ဝိုင်းဝန်းကြည့်ရှုနေခဲ့ကြတယ်လို့ သတင်းက ဆိုပါတယ်။ သူ့အနေနဲ့ လူထုပရိသတ်ကြား အံ့အားတသင့်ဖြစ်စေမှုဟာ ဒါ ပထမဆုံးတော့ မဟုတ်ခဲ့ပါဘူး။ ၂၀၁၅ ခုနှစ်တုန်းကလည်း ပုပ်ရဟန်းမင်းကြီး လာရောက်ချိန် စောင့်နေကြတဲ့ လူအုပ်စုကြီးကြားမှာ အပေါ်ပိုင်း ဘရာစီယာမပါဘဲ ဝတ်ဆင်တက်ရောက်လာခဲ့လို့ လူပြောများခဲ့ဖူးပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up