ARSA အကြမ်းဖက်သမားများ စစ်တကောင်းဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေ
DVB
·
September 6, 2017
ဒဏ်ရာရရှိထားတဲ့ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ် မြောက်ခြမ်းမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ရဲကင်း စခန်းတွေ၊ တပ်ဌာနချုပ်တွေကို အကြမ်းဖက် တိုက်ခိုက်စဉ် သေနတ်ဒဏ်ရာ ရရှိထားတဲ့ ဘင်္ဂါလီ ၈ ဦးနဲ့ အခြားထိခိုက်ဒဏ်ရာ ရရှိထားတဲ့ ဘင်္ဂါလီ ၃၃ ဦးတိုဟာ သြဂုတ် ၃၁ ရက်နေ့က တဖက်နိုင်ငံ၊ အူခီးယားမြို့နယ် ရဲတပ်ဖွဲ့မှ စစ်တကောင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒဏ်ရာရရှိထား သူတွေကို ဆေးကုသပေးခဲ့ပြီး လုံလောက်တဲ့ အစောင့်အရှောက်နဲ့ ကူတူပါလောင် ဒုက္ခသည် စခန်းသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။