Home
မြန်မာသတင်း
တရုတ်နိုင်ငံသို့ အလုပ်သမားပို့သူ ၃ ဦးကို လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးက ဖမ်းဆီး
DVB
·
September 6, 2017
ကလေးမြို့တောင်ပိုင်း ရေရှင်ကျေးရွာမှာနေတဲ့ ပြည်ပအလုပ်အကိုင် ပို့လွှတ်သူ နှစ်ဦးနဲ့ ပါဝင်ပတ်သက်သူ တဦးကို စက်တင်ဘာ ၅ ရက်နေ့ ညက ကလေးမြို့ လူကုန်တားရဲတပ်ဖွဲ့က လူကုန်ကူးမှုနဲ့ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ “ကျနော်တို့ဆီကို Hot Line ကနေ တိုင်တန်းတဲ့အမှု ဖြစ်ပါတယ်။ တိုင်တဲ့သူက သူ့သမီးနဲ့အတူ ရေရှင်ရွာက ၁၄ ဦးကို တရုတ်နိုင်ငံကို အလုပ်ရမယ်ပြောပြီး တယောက် ၁ သိန်း ပို့ဆောင်ခယူပြီး အဲဒီရွာက လူကပဲတဆင့် ပို့ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ပို့တဲ့သူတွေကို လူကုန်ကူးမှုနဲ့ ဖမ်းဆီးရတာ ဖြစ်ပါတယ်”လို့ လူကုန်တားရဲတပ်ဖွဲ့စိတ် ကလေးမြို့က ရဲအုပ် ဝင်းလှိုင်က ဆိုပါတယ်။ တရုတ်နိုင်ငံ ပို့ဆောင်သူတွေအနေနဲ့ ကလေးနယ် ရေရှင်ရွာကနေ ပြီးခဲ့တဲ့ ၅ လပိုင်း ၂၅ ရက်နေ့က ရွာကနေ လာရှိုးမြို့ကို Light Truck ကားနဲ့ ပို့ပေးခဲ့တာ ဖြစ်ပြီး လာရှိုးကနေတဆင့် တရုတ်နိုင်ငံကို ပို့ဆောင်မှု ပြလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ လူကုန်ကူးမှုနဲ့ ဖမ်းဆီးခံရသူတွေဟာ ရေရှင်ကျေးရွာမှာနေတဲ့ ဦးဝင်းနိုင်နဲ့ မဌေးစီတို့ နှစ်ဦးအပြင် တဆင့်ပို့ပေးသူ လာရှိုးနေ အောင်တိုးနိုင်တို့ ဖြစ်ပြီး ၄င်းတို့အနေနဲ့ တရားဝင်အကျိုးဆောင်လိုင်စင် မရှိတာကြောင့် ခုလို ဖမ်းဆီးခံရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံ ရောက်သွားသူတွေဟာ တရုတ်နိုင်ငံ ခွေးမှင်မြို့အကျော် ပေါက်စမ်းမြို့လမ်းဘေးမှာ ပုန်းရှောင်နေရတယ်လို့ သိရပြီး ကယ်တင်နိုင်ဖို့ ဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ လူကုန်တားရဲတပ်ဖွဲ့ဆီက သိရပါတယ်။ သတင်း - မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024