Home
မြန်မာသတင်း
အများပိုင်ကုမ္ပဏီထူထောင်၍ ကျောင်းကြိုပို့ကားများပြေးဆွဲမည်
DVB
·
September 6, 2017
  ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အစီအစဉ်နဲ့ အများပိုင် ကုမ္ပဏီ တခု ထူထောင်ပြီး ကျောင်းကြိုပို့ကားတွေကို ပြေးဆွဲတော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ လာမယ့်ပညာသင်နှစ်မှာ Golden Hand ရွှေလက်ဆိုတဲ့နာမည်နဲ့ အများပိုင် ကျောင်းကား ကုမ္ပဏီထူထောင်ပြီးတော့ ပြေးဆွဲပေးမယ့်အပြင် လက်ရှိလိုက်ထရပ်ယာဉ်တွေနဲ့ ကျောင်းကားတွေ မောင်းနေတာကို  နောက်နှစ်ပညာသင်နှစ်မှာ  ပြေးဆွဲခွင့်ပေးတော့မှာမဟုတ်ဘဲ ရပ်ဆိုင်းတော့တယ်လို့လည်းပြောပါတယ်။ ကျောင်းသားကျောင်းသူတွေ ဘေးကင်းလုံခြုံမှုရှိစေဖို့နဲ့ ရန်ကုန်မြို့ရဲ့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းနိုင်စေဖို့ တိုင်းဒေသကြီးအစိုးရက ဦးဆောင်ကာ ကျောင်းဖယ်ရီအများ ပိုင်ကုမ္ပဏီတစ်ခုကိုတည်ထောင်မယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဇူလိုင် ၂၇ရက်က ပြည်သူ့ရင်ပြင်မှာကျင်းပတဲ့ ဟွန်ဒိုင်းကောင်တီ ကျောင်းကားတွေ ပေးအပ်ပွဲမှာလည်း ပြောကြားထားပါတယ်။ ကျောင်းကားတွေ  အားလုံးမှာ School Bus စာတန်းတွေတပ်ဆင်ထားဖို့ ညွန်ကြားထားတဲ့အပြင် မီနီဘတ်တွေအပါအ၀င် ကညနရဲ့ စည်းကမ်းချက် ၁၂ ချက်နဲ့ ပြည့်စုံတဲ့ကျောင်းကားအကြီးတွေကိုလည်း ပြေးဆွဲခွင့်ပေးမယ်လို့သိရပါတယ်။  အရစ်ကျငွေချေစနစ်နဲ့ ကျောင်းကားတွေရောင်းပေးမယ်ဆိုတဲ့ သတင်းတွေထွက်နေပေမယ့် လတ်တလောမှာတော့ ရောင်းချတာတွေ မရှိသေးပါဘူး။ လက်ရှိမှာတော့ ရန်ကုန်မြို့ကကျောင်းပေါင်း ၂၂ ကျောင်းမှာ ကျောင်းကားသစ်စီးရေ ၁၀၀ ကို အစိုးရက ထည့်သွင်းပြေးဆွဲနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း၂၇၄၆ ကျောင်းရှိပြီး ကျောင်းသူ ကျောင်းသားပေါင်း  ၁သန်းကျော်လောက် တက်ရောက်ပညာသင်ကြားနေကြပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024