ချီလီတွင် Uber နှင့် Cabify တက္ကစီဝန်ဆောင်မှုများကို ဆန္ဒပြရာမှ လူတဦး သေဆုံး

ဓာတ်ပုံ - ရိုက်တာ
771
ချီလီနိုင်ငံက တက္ကစီမောင်းသူတွေဟာ Uber နဲ့ Cabify တက္ကစီဝန်ဆောင်မှုကို ဆန္ဒပြရာမှာ လူတဦး သေဆုံးသွားပါတယ်။
တက္ကစီမောင်းသူတွေဟာ စက်တင်ဘာ ၄ ရက်က မြို့တော် ဆန်တီယေဂိုကိုသွားတဲ့ လေဆိပ်ကို ပိတ်ဆို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
တက္ကစီသမားတွေဟာ မြို့တော် ဆန်တီယေဂိုက လေဆိပ်ကိုသွားရာ လမ်းတလျှောက်ကို ပိတ်ဆို့ဆန္ဒပြရာမှာ ကားတန်းဟာ မိုင်အတော်များများ ရှည်လျားသည်အထိ ကားအစင်းရေ များပြားခဲ့ပါတယ်။
အခုလို တက္ကစီသမားတွေရဲ့ လေဆိပ်ကိုသွားရာလမ်းကို နေရာယူ ဆန္ဒပြခဲ့တာကြောင့် လေကြောင်းလိုင်းတချို့ နှောင့်နှေးကြန့်ကြာခဲ့ပါတယ်။
ချီလီအစိုးရဟာ ဆန္ဒပြသူ ၁၅ ဦးကို ဖမ်းဆီးထားပြီး ဆန္ဒပြမှုမှာ တာဝန်ရှိသူတွေကိုလည်း တရားစွဲဆိုသွားမယ်လို့ ဆန်တီယေဂို မြို့တော်ဝန် ကလော်ဒီယိုအော်ရီဂိုက ပြောကြားပါတယ်။