Home
မြန်မာသတင်း
ဗဟိုဘဏ်အပါအ၀င် အစိုးရဌာနဆိုင်ရာဝက်ဘ်ဆိုက်များတိုက်ခိုက်ခံရ
DVB
·
September 5, 2017
  နိုင်ငံတော်ဗဟိုဘဏ်ရဲ့ အင်တာနက်စာမျက်နှာ ၀ဘ်ဆိုက်ပါအ၀င် အခြားဌာနဆိုင်ရာ ၅ ခုရဲ့ ၀ဘ်ဆိုက်တွေ ဆိုက်ဘာတိုက်ခိုက်ခံခဲ့ရတယ်လို့ အမျိုးသား ဆိုက်ဘာလုံခြုံရေး ဗဟိုဌာနကို ကိုးကားပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာမှာ ဖော်ပြပါတယ်။ ဗဟိုဘဏ်ရဲ့ဝဘ်ဆိုက်ဖြစ်တဲ့ http://www.cbm.gov.mm ကို စက်တင်ဘာ ၄ရက် မနက် ၂ နာရီခွဲလောက်က  Defacement Attack လုပ်တိုက်ခိုက်ခံရပြီးမနက် ၅ နာရီမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သစ်တောဌာနရဲ့ www.forestdepartment.gov.mm ၀က်ဆိုက်၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဌာနရဲ့ www.dryzonegreening.gov.mm ၀ဘ်ဆိုက်၊  တနင်္သာရီ သဘာဝကြိုးဝိုင်း www.tnrpmoecaf.gov.mm၀က်ဆိုက်၊ မြေတိုင်းဦးစီးဌာနရဲ့ www.surveydepartment.gov.mm၀က်ဆိုက်နဲ့  ဇီဝမျိုးစုံမျိုးကွဲ သတင်းအချက်အလက်တွေ ဖော်ပြထားတဲ့ www.myanmarchm.gov.mm ၀ဘက်ဆိုက်တွေလည်း တိုက်ခိုက်ခံရလို့ သိသိချင်း တုံ့ပြန်ဆောင်ရွက်  ပြန်လည်ပြင်ဆင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ သက်ဆိုင်ရာ ရုံးဌာနတွေအနေနဲ့  ဆိုက်ဘာ လုံခြုံရေး ကျိုးပေါက်မှုမရှိစေဖို့အတွက် မိမိတို့ ရဲ့ Website တွေကို စောင့်ကြည့်ကြဖို့နဲ့  လုံခြုံရေး အဆင့်မြှင့်တင်ကြဖို့  လိုအပ်ပါက အမျိုးသား ဆိုက်ဘာလုံခြုံရေးဗဟိုဌာနသို့ ဆက်သွယ်ကြဖို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အကြောင်းကြားစာ ထုတ်ပြန်ထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024