ကျောက်ကြီးမြို့၌ ၁၂၉ ကြိမ်မြောက် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲနှင့် ရှင်ဥပဂုတ္တ မီးမျှောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့မှာ ၁၂၉ ကြိမ်မြောက် မြန်မာ့ရိုးရာ လှေလှော်ပြိုင်ပွဲနဲ့ ရှင်ဥပဂုတ္တမီးမျှော ပူဇော်ပွဲကို ဒေသခံပြည်သူ ထောင်နဲ့ချီ လာရောက် အားပေးခဲ့ကြပါတယ်။ မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲကို ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာတွေက လာရောက် ယှဉ်ပြိုင်ပြီး လှေလှော်အသင်းပေါင်း ၈၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဆိုပါပွဲတော်သြဂုတ် ၂၉ ရက်နေ့ကနေ စက်တင်ဘာ ၆ ရက်နေ့အထိ ၉ ရက်တိုင်တိုင် ကျင်းပ ခဲ့ပြီး မီးမျှောပွဲမှာ မီးကြာခွက်ပေါင်းတညကို ၂၀၀၀  ကျော် မျှောခဲ့ပြီး လပြည့်ကျော်တရက်နေ့မှာ မီးကြာခွက် ၄၀၀၀ ကျော် မျှောမယ်လို့ သိရပါတယ်။ သတင်း - ကျော်အောင် (ကညွတ်ကွင်း)

More News
Up