ကုန်ကားကြီးကို အရှိန်ဖြင့်ဝင်တိုက်ခဲ့သည့် ကားအတွင်းမှ မိန်းကလေးတဦး လွင့်ထွက် (ရုပ်သံ)

တရုတ်နိုင်ငံ အဝေးပြေးလမ်းမကြီးတခုပေါ်မှာ ကားတစီးဟာ ရှေ့ကမောင်းနေတဲ့ ကုန်တင်ကားကြီးကို ဝင်တိုက်မိခဲ့လို့ ကားပေါ်ပါ ဆယ်ကျော်သက်မိန်းကလေးဟာ ကားပေါ်ကနေ လွင့်ထွက်သွားခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံအရှေ့ပိုင်း ဇီကျန်းခရိုင်ထဲမှာ ဖြစ်ခဲ့တာလို့ စီဂျီတီအန်သတင်းမှာ စက်တင်ဘာ ၄ ရက်နေ့က ဖော်ပြပါတယ်။ ကားဟာ လမ်းမပေါ်မှာ အရှိန်နဲ့ သုံးလေးပတ်လိမ့်သွားခဲ့ပြီးနောက်မှာတော့ ကားပေါ်မှ ဆယ်ကျော်သက်မိန်းကလေးဟာ ကားတွေအများကြီး သွားလာနေကြတဲ့ လမ်းမအလယ်ကို လွင့်ထွက်သွားခဲ့တာကို ထိတ်လန့်ဖွယ် တွေ့မြင်ရပါတယ်။ အဲဒီမိန်းကလေးဟာ ကားအတွင်း ခါးပတ်ကို ပတ်မထားခဲ့ဘဲ အိပ်ပျော်ပြီး လိုက်ပါလာခဲ့တာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ ဒေသတွင်း သတင်းအစီရင်ခံစာတွေမှာတော့ အဲဒီမိန်းကလေးမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့တာမျိုး မရှိဘူးလို့ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up