မိတ္ထီလာ ကျီတော်ကုန်းရပ်တွင် တပ်မတော်သား ၁ ဦး ရေနစ်သေဆုံး
DVB
·
September 5, 2017
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ရှိ ကြာကန်ထဲမှာ စက်တင်ဘာလ ၄ ရက် မနက် ၁၀ နာရီခွဲမှာ တပ်မတော်သား ၁ ဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ကျီတော်ကုန်းရပ်မှာ နေသူ အမှတ်-၁ ရှေ့တန်းအခြေချ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်သား ကိုဌေးလှိုင်ဦး မနက် ၆ နာရီက တပ်မှာတန်းစီဖို့ အိမ်က ထွက်သွားခဲ့တယ် မနက် ၁၀ နာရီခွဲမှာ ရေနစ်သေဆုံးတာကို စုံစမ်းသိရတယ်”လို့ မိတ္ထီလာအမှတ်-၂ ရဲစခန်းက ပြောပါတယ်။
ရဲအုပ်ဇော်ဝင်းက"ရေနစ်သေဆုံးတယ် သတင်းရလို့ သွားခဲ့တယ် သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရဖူး ခွဲစိပ် စစ်ဆေးဖို့ ဆေးရုံပို့ ပေးရတယ်"လို့ ပြောပါတယ်။
မိတ္ထီလာအမှတ်-၂ ရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)