မိတ္ထီလာ ကျီတော်ကုန်းရပ်တွင် တပ်မတော်သား ၁ ဦး ရေနစ်သေဆုံး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ရှိ ကြာကန်ထဲမှာ စက်တင်ဘာလ ၄ ရက် မနက် ၁၀ နာရီခွဲမှာ တပ်မတော်သား ၁ ဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ကျီတော်ကုန်းရပ်မှာ နေသူ အမှတ်-၁ ရှေ့တန်းအခြေချ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်သား ကိုဌေးလှိုင်ဦး မနက် ၆ နာရီက တပ်မှာတန်းစီဖို့ အိမ်က ထွက်သွားခဲ့တယ် မနက် ၁၀ နာရီခွဲမှာ ရေနစ်သေဆုံးတာကို စုံစမ်းသိရတယ်”လို့ မိတ္ထီလာအမှတ်-၂ ရဲစခန်းက ပြောပါတယ်။ ရဲအုပ်ဇော်ဝင်းက"ရေနစ်သေဆုံးတယ် သတင်းရလို့ သွားခဲ့တယ် သေဆုံးသူမှာ ပြင်ပဒဏ်ရာ မတွေ့ရဖူး ခွဲစိပ် စစ်ဆေးဖို့ ဆေးရုံပို့ ပေးရတယ်"လို့ ပြောပါတယ်။ မိတ္ထီလာအမှတ်-၂ ရဲစခန်းမှာ သေမှုသေခင်း အမှတ်စဉ် ၇/၂၀၁၇ နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up