တပ်မတော် ဂျက်လေယာဉ်တစီး လေ့ကျင့်ပျံသန်းစဉ် ပျောက်ဆုံး
DVB
·
September 5, 2017
တပ်မတော် လေ့ကျင့်ပျံသန်းရေး ဂျက်လေယာဉ်တစီး ဒီနေ့မနက်ပိုင်းက လေယာဉ် လေ့ကျင့်မောင်းနှင်ရင်း ပျောက်ဆုံးသွားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီကနေ့ မွန်းလွဲပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
G-4 ဂျက်လေယာဉ်သုံးစင်းဟာ ပုသိမ်လေဆိပ်ကနေ ထွက်ခွာခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူး ကောင်းထိုက် မောင်းနှင်တဲ့ လေယာဉ်ဟာ ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ် လမ်းကြောင်းအတိုင်း ပျံသန်းနေရင်း မနက် ၉ နာရီ ၁၈ မိနစ်မှာ ပုသိမ်မြို့ရဲ့ အနောက်မြောက်ဘက် ၃၆ မိုင်လောက် အကွာမှာ ပုသိမ်လေဆိပ်နဲ့ နောက်ဆုံးအဆက်အသွယ်ရပြီး နောက်ပိုင်း ပျောက်ဆုံးနေတာလို့ ထုတ်ပြန်ပါတယ်။
ဒီလေယာဉ်ကို မြေပြင်တပ်တွေနဲ့ တပ်မတော်(လေ) က လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ရှာဖွေနေပါတယ်။