မိုနာကိုတိုက်စစ်မှူး လီမာကို လာမည့်ရာသီတွင် အာဆင်နယ် ထပ်မံကမ်းလှမ်းမည်

ဓာတ်ပုံ - ရိုက်တာ
အာဆင်နယ်အသင်းဟာ မိုနာကိုတိုက်စစ်မှူး လီမာကို လာမယ့် အပြောင်းအရွှေ့ရာသီမှာလည်း ယူရိုသန်း ၁၀၀ နဲ့ ထပ်မံကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။ အာဆင်နယ်အသင်းဟာ ခံစစ်နဲ့တိုက်စစ် မျှအောင်ကစားနိုင်တဲ့ ကစားသမား လီမာကို ခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က မိုနာကိုအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အပြောင်းအရွှေ့အပိတ်မှာ မခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အခုနှစ် အပြောင်းအရွှေ့မှာ လာကာဇက်တီနဲ့ ကိုလာစီနက် ၂ ဦးတည်းကိုသာ ခေါ်ယူနိုင်ခဲ့ပေမယ့် ကစားသမား အတော်များများကိုတော့ ရောင်းထုတ်ထားရသလို ပရီးမီးယားလိဂ်မှာလည်း ရလဒ်တွေ ဆိုးရွားနေပါတယ်။ လီဗာပူးအသင်းကို ၄ ဂိုးပြတ် အရေးနိမ့်ပြီးတဲ့နောက် ကစားသမားခေါ်ယူခြင်းမရှိတဲ့ နည်းပြ အာစင်ဝင်းဂါးကို ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းရဲ့ အမှုဆောင်အရာရှိချုပ် အိုင်ဗန်ဂါဇီဒစ်ကတော့ အခုနှစ်အပြောင်းအရွှေ့ရာသီဟာ ပြည့်စုံခဲ့တယ်လို့ ဆိုတာကြောင့် ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up