အင်ဒိုနီးရှားရောက်မြန်မာနိုင်ငံသားများ လုံခြုံရေးအထူးဂရုစိုက်ရန် အသိပေးနှိုးဆော်
DVB
·
September 5, 2017
အင်ဒိုနီးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လုံခြုံရေးကို အထူးဂရုစိုက် သတိပြုသွားလာနေထိုင်ကြဖို့ ဂျာကာကာမြို့ အခြေစိုက် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးတိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က ဂျာကာတာရှိ မြန်မာသံရုံးကို မီးလောင်ဗုံးနဲ့ တိုက်ခိုက်ခံခဲ့ရ ပြီးနောက် မြန်မာသံရုံးက မြန်မာနိုင်ငံသားတွေ သတိဝရိယနဲ့ သွားလာ နေထိုင်ကြဖို့ မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာ အင်ဒိုနီးရှားနဲ့ မလေးရှားအပါအ၀င် အစ္စလာမ်ဘာသာဝင်တွေအများစု နေထိုင်တဲ့ နိုင်ငံတွေမှာ မြန်မာနိုင်ငံ အပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ပေါ်ပေါက်လာနေတာဖြစ်ပါတယ်။