Home
မြန်မာသတင်း
မောင်တောအကြမ်းဖက်မှု ဖြစ်ရပ်မှန် နိုင်ငံတကာသို့ အမြန်အသိပေးနိုင်ရေး တရုတ်နှင့်ဆွေးနွေး
DVB
·
September 5, 2017
ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်မှန်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို အလျင်အမြန် အသိပေးနိုင်ဖို့အတွက် မြန်မာ ဒု-သမ္မတ ဦးမြင့်ဆွေနဲ့  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။ မနေ့မနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမမှာ ဒု-သမ္မတ ဦးမြင့်ဆွေက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် Sun Guoxiang ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ တွေ့ဆုံရာမှာ မောင်တောဒေသ အကြမ်းဖက်မှုဖြစ်စဉ်တွေ၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စတွေ၊ မောင်တောဒေသ အကြမ်းဖက်မှု ဖြစ်စဉ်မှန်တွေကို နိုင်ငံတကာသို့ အလျင်အမြန် အသိပေးနိုင်ရေးဆိုင်ရာ ကိစ္စတွေနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024