အာဆီယံယူ-၁၈ ချန်ပီယံရှစ် အဖွင့်ပွဲတွင် ထိုင်း၊ မလေးရှားနှင့် စင်ကာပူတို့ အနိုင်ရ (ဓာတ်ပုံ)

မြန်မာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၇ ခုနှစ် အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ ပထမနေ့ ပွဲစဉ်တွေမှာ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူတို့ အသီးသီး နိုင်ပွဲရခဲ့ကြပါတယ်။ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုအေ အဖွင့်ပွဲစဉ်တွေမှာ ထိုင်းက တီမောကို ၃ ဂိုး ဂိုးမရှိ၊ မလေးရှားက လာအိုကို ၄ ဂိုး ၁ ဂိုး၊ စင်ကာပူက ကမ္ဘောဒီးယားကို ၅ ဂိုး ၃ ဂိုးနဲ့ အသီးသီး အနိုင်ရခဲ့တာပါ။ အုပ်စုဘီ အဖွင့်ပွဲစဉ်တွေအဖြစ် ဒီနေ့ညနေ ညနေ ၃ နာရီမှာ ဖိလစ်ပိုင်နဲ့ ဘရူနိုင်း၊ ၆ နာရီမှာ အိမ်ရှင် မြန်မာနဲ့ အင်ဒိုနီးရှားတို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ၂၀၁၇ အာဆီယံ ယူ-၁၈ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို အာဆီယံဒေသတွင်း ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်နေတာဖြစ်ပြီး အုပ်စုအေမှာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ လာအို၊ ကမ္ဘောဒီးယား၊ တီမော တို့ပါဝင်ကာ အုပ်စုဘီမှာတော့ အိမ်ရှင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ ဘရူနိုင်းတို့ ပါဝင်ပါတယ်။ ဓာတ်ပုံ - အမ်အက်ဖ်အက်ဖ်  

More News
Up