မြန်မာနှင့်အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးများ ရခိုင်ပြည်နယ်အရေးတွေ့ဆုံဆွေးနွေး

  နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ပြီး မစ္စရက်နိုမာဆူဒီကို ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ သြဂုတ် ၂၅ ရက်က စတင်ဖြစ်ပွားခဲ့တဲ့  ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့  အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့်  ရခိုင်ပြည်နယ်အတွင်း လိုအပ်နေတဲ့  လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ပါဝင်ပံ့ပိုးပေးနိုင်ရေးကိစ္စ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ဖြေရှင်းသွားနိုင်မယ့်  ရေရှည်နည်းလမ်းကောင်းတွေနဲ့ ပတ်သက်ပြီးလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဓာတ်ပုံ-MOFA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up