Live
Home
မြန်မာသတင်း
အင်ဒိုနိုင်ငံခြားရေးဝန်ကြီးနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရခိုင်အရေးဆွေးနွေး
DVB
·
September 4, 2017
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဒီကနေ့ နေပြည်တော်   ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်မှာ တွေ့ဆုံပြီး ရခိုင်ပြည်နယ်အရေးဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံရာမှာ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသမှာ သြဂုတ် ၂၅ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက်မှု ဖြစ်စဉ်တွေရဲ့ ပကတိအခြေအနေမှန်တွေကို ဦးစွာရှင်းလင်းဆွေးနွေးခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဧည့်သည်တော်ဝန်ကြီးတို့ဟာ ရခိုင်ပြည်နယ်အရေး လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးရေး ကိစ္စရပ်တွေကို အပြန်အလှန်ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ အင်ဒိုနီးရှားသမ္မတရဲ့ စေလွှတ်ချက်အရ မြန်မာနိုင်ငံမှာ မနေ့ကတည်းက ရောက်ရှိလာတာဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024