Home
မြန်မာသတင်း
၁၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တိုက်မိ၊ တပ်မတော်သား ၁ ဦး သေဆုံး
DVB
·
September 4, 2017
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မိတ္ထီလာ-သာစည်လမ်း ဥယျာာဉ်ရွာ ကွန်ပျူတာ တက္ကသိုလ်အနီးမှာ စက်တင်ဘာ ၃ ရက် ည ၇ နာရီခွဲလောက်က ၁၂ ဘီးယာဉ်နဲ့ တိုက်မိလို့ တပ်မတော်သားတဦး သေဆုံးသွားပါတယ်။ မျိုးမင်းထိုက် မောင်းလာတဲ့ ၁၂ ဘီးယာဉ်နဲ့ အမှတ် ၃ အလုပ်ရုံတပ်စု လျှပ်/စက် GE တပ်မှ တပ်ကြပ်ကြီး သန်းတင် စီးလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့တာဖြစ်ပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်အောင်သိုက်က "တပ်ကြပ်ကြီး သန်းတင် ပါးစပ်နဲ့ နှာခေါင်းက သွေးထွက်နေတယ်။ ယာဘက် လက်ဖမိုးပေါက်ပြဲပြီး လက်ကောက်ဝတ် နဲ့ မျက်လုံး ဖူးရောင်နေတယ်၊ ဒဏ်ရာပြင်းတယ်၊ စိုးရိမ်ရတယ်။ မိတ္ထီလာကုတင် ၅၀၀ တပ်မတော်ဆေးရုံရောက်ပြီး ည ၉ နာရီလောက်မှာ သေဆုံးသွားတယ်" လို့ ပြောပါတယ်။ မိတ္ထီလာအမှတ် ၂ ရဲစခန်းက ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု/ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ ၂ ဦးလုံးအား အမှုဖွင့်ကာ မျိုးမင်းထိုက်အား ဖမ်းဆီးပြီး တပ်ကြပ်ကြီး သန်းတင်အား သက်ဆိုင်ရာတပ်ကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024