Live
Home
မြန်မာသတင်း
စစ်တွေသို့ ထွက်ပြေးလာသည့် ဟိန္ဒူဘာသာဝင်များ အကူအညီလိုအပ်နေ
DVB
·
September 4, 2017
  အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မောင်တော-ဘူးသီးတောင် ဒေသက စစ်တွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဟိန္ဒူဘာသာဝင် ၄၀၀ ဝန်းကျင်ရှိနေပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့သူတွေကို လက်ရှိမှာ စစ်တွေမြို့ ဆရီ ဆရီမိုဟာဒေဗ့် ဘာရီ (မဟာသီဝ) ဟိန္ဒူဘုရားရှိခိုးကျောင်းမှာခိုလှုံနေပြီး စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းအထိ ဒုက္ခသည် လူဦးရေစာရင်းတွေကတော့ အိမ်ထောင်စု ၈၅ စု၊ ကျား ၂၃၂ ဦးနဲ့ မ ၂၁၇ ဦး စုစုပေါင်း ၄၄၉ ဦးရှိနေပါတယ်။ လက်တလောစားဝတ်နေရေးတွေကို အလိုတော်ပြည်ဆရာတော်နဲ့ ပြည်နယ်အစိုးရ အပါအဝင် ရခိုင့်လူမှုအဖွဲ့ အစည်းတွေက ကူညီပေးနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒုက္ခသည် လူဦးရေ တိုးလာတာကြောင့် နေရေးထိုင်ရေး၊ အိပ်ဖို့နေရာထိုင်ခင်းတွေ အရေးတကြီးလိုအပ်နေတယ်လို့ ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေတဲ့ ဦးဘုလှရွှေက ဒီဗွီဘီကိုပြောပါတယ်။ သတင်း- ဝဏ္ဏခွာညို

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024