Home
မြန်မာသတင်း
A(H1N1) ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းလာ
DVB
·
September 4, 2017
နိုင်ငံတဝန်း ရာသီတုပ်ကွေးရောဂါ A(H1N1) ရောဂါဟာ သြဂုတ် ၇ ရက်နေ့ နောက်ပိုင်းမှာ ဖြစ်ပွားနှုန်းတွေ ကျဆင်းလာတယ်လို့ ကျန်မားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၃ ရက်နေ့အထိ သံသယလူနာ ၂၀၀ ကို ဓာတ်ခွဲစမ်းသပ်ရာမှာ ပိုးတွေ့လူနာ ၅၈ ယောက်ရှိပြီး ထပ်မံ သေဆုံးသူ ၃ ယောက် ရှိခဲ့လို့ တနိုင်ငံလုံးမှာ သေဆုံးသူ ၃၆ ယောက်အထိ ရှိပါတယ်။ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းရောဂါနဲ့ ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်း လူနာ ၁၀၂၉ ထဲမှာ  ပိုးတွေ့လူနာ စုစုပေါင်း ၃၈၈ ယောက်ရှိပါတယ်။ သေဆုံးသူဦးရေမှာ ဧရာဝတီတိုင်းဒေသကြီးမှာ ၁၂ ယောက်၊ ရန်ကုန်တိုင်းဒေသကြီးမှာ ၈ ယောက်၊ ပဲခူးတိုင်းဒေသကြီးမှာ ၆ ယောက်နဲ့ တခြားတိုင်းဒေသကြီး ပြည်နယ်တွေမှာ ၁၀ ယောက် စုစုပေါင်း ၃၆ ယောက် ရှိနေပါတယ်။ လက်ရှိအချိန်မှာ တခြားတိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံကြီးတွေမှာ အတွင်းလူနာ စုစုပေါင်း ၂၇ ယောက် ဆက်လက်ကုသမှုခံယူနေပြီး ဆေးရုံတက်ရောက်ကုသသူ ဦးရေမှာလည်း တနေ့တခြား သိသိသာသာ ကျဆင်းနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024