Wednesday, June 7, 2023
HomeLead Storyကမ္ဘာ့ဖလားခြေစစ်ပွဲ ဘယ်လ်ဂျီယံ ၂-၁ ဂရိ (ရုပ်သံ)

ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘယ်လ်ဂျီယံ ၂-၁ ဂရိ (ရုပ်သံ)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲရဲ့ ယူရိုဇုန် အုပ်စု (H) ပွဲစဉ်မှာ နာမည်ကြီး ဘယ်လ်ဂျီယံက အဝေးကွင်းမှာ ဂရိကို ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ခြေစစ်ပွဲကို စောစောစီးစီး အောင်မြင်သွားပါတယ်။

ဘယ်လ်ဂျီယံအသင်းဟာ ယူရိုအုပ်စုကနေ လာမယ့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပထမဆုံး ခြေစစ်ပွဲ အောင်မြင်တဲ့ အသင်းအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

ခြေစွမ်းတက်နေတဲ့ ဘယ်လ်ဂျီယံအသင်းဟာ ဒီပွဲမှာလည်း လူစုံထုတ်ယှဉ်ပြိုင်သွားပြီး ၄-၃-၃ ကစားကွက်ကို အသုံးပြု ယှဉ်ပြိုင်သွားပါတယ်။ ဂရိကတော့ ၄၄၁၁ နဲ့ ပွဲထွက်လာတာပါ။

ဒမ်ဘီလီနဲ့ ဖယ်လိုင်နီတို့ရဲ့ ဘယ်လ်ဂျီယံကွင်းလယ်က အသာစီးယူနိုင်ခဲ့ပြီး ဦးဆေင်ဂိုးကို မိနစ် ၇၀ မှာ ဗာတိုဂန်က သွင်းယူပါတယ်။ နောက် ၃ မိနစ်လောက်မှာပဲ ဂရိအတွက် ချေပဂိုးကို ဇီကာက သွင်းယူပါတယ်။ ဘယ်လ်ဂျီယံအတွက် အနိုင်ဂိုးကို တိုက်စစ်မှူး လူကာကူက သွင်းယူပြီး အနိုင်ရသွားပါတယ်။

ဘယ်လ်ဂျီယံဟာ အုပ်စု (H) မှာ လက်ကျန်ပွဲ ၂ ပွဲ ကျန်ပေမယ့်လည်း ၂၂ မှတ်နဲ့ ဒုတိယနေရာက ဘော့စနီးယားကို ၈ မှတ် ဖြတ်ပြီး အုပ်စုဗိုလ်နဲ့ ခြေစစ်ပွဲအောင်မြင်သွားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular