Home
မြန်မာသတင်း
အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် စစ်ရှောင်ဒုက္ခသည် ပိုများလာ
DVB
·
September 4, 2017
ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူသီးတောင်မြို့နယ်တွေထဲမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေ တိုက်ခိုက်မီးရှို့မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံတိုင်းရင်းသား စစ်ပြေးရှောင်ဒုက္ခသည်တွေဟာ စစ်တွေမြို့က  ယာယီကယ်ဆယ်ရေး စခန်းတွေကို ရောက်ရှိလာသူတွေ ပိုများနေပါတယ်။ အဲ့ဒီဒုက္ခသည်တွေဟာ စစ်တွေမြို့မှာ စက်တင်ဘာ ၂ ရက်နေ့ နောက်ဆုံးစာရင်းအရ ၂၆၀၀ ကျော်ရှိပြီး လက်ရှိမှာတော့ သန့်စင်ခန်းတွေနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စစ်တွေမြို့ပေါ်က ယာယီကယ်ဆယ်ရေး စခန်းတွေထဲမှာ  ရိက္ခာအကူအညီ မရောက်သေးတဲ့ စခန်းတွေလည်းရှိနေပါတယ်။ စစ်တွေမြို့က ဘုန်းကြီးကျောင်း ၁၅ ကျောင်းမှာ ယာယီကယ်ဆယ်ရေး စခန်းတွေ ဖွင့်လစ်ထားပြီး ပြင်ပ အလှူရှင်တွေလည်း လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024